
လမ်းမကူးခင် အစိမ်းရောင်မီးပွိုင့်ကို စောင့်နေခဲ့တဲ့ စမတ်ကျလွန်းတဲ့ခွေးလေး (ရုပ်သံ)
ယာဉ်ကြောပိတ်ဆို့မှုလို့လည်း လူသိများတဲ့ မီးပွိုင့်တွေကို အဓိကလမ်းတွေပေါ်မှာ တပ်ဆင်ထားတာပါ။ အဓိကရည်ရွယ်ချက်ကတော့ လူတိုင်းရဲ့ လုံခြုံမှုကို သေချာစေရန်ဖြစ်ပါတယ်။ အခုဖော်ပြမှာက netizens တွေ များစွာကို အံ့သြစေပြီး သဘောကျစေမဲ့ ခွေးလေးရဲ့ ဗီဒီယိုဘဲဖြစ်ပါတယ်။ Facebook ပေါ်က Cangaiba O Bairro အမည်နဲ့ Group တစ်ခုမှာ တင်ခဲ့တဲ့ ဗီဒီယိုတိုထဲမှာဆိုရင် ခွေးတစ်ကောင်ဟာ ထိုင်နေတာကို တွေ့မြင်နိုင်ပါတယ်။ ၎င်းခွေးဟာ “ လမ်းနားမှာ တစ်ခုခုစောင့်နေတယ်” လို့ RachFeed မှ တင်ပြထားပါတယ်။
ခွေးဟာ လမ်းကူးဖြတ်ရန်အတွက် အချိန်ကောင်းကို စောင့်ဆိုင်းနေပုံရပါတယ်။ ဒီတိရိစ္ဆာန်လေးဟာ တိကျတဲ့ စည်းမျဉ်းစည်းကမ်းများကိုသိတက်တဲ့ အကောင်ဘဲဖြစ်ပါတယ်။ ခွေးဟာ အစိမ်းရောင်အလင်းကိုမြင်တာ နဲ့ ချက်ချင်းပင် လမ်းဖြတ်ကူးခဲ့ပါတယ်။ ထိုအချိန်မှစပြီး လူအများက ခွေးရဲ့အပြုအမူအတွက် အထူးသဖြင့်အခြေခံယာဉ်စည်းမျဉ်းစည်းကမ်းတွေ နဲ့ ပတ်သက်တဲ့ဗဟုသုတအတွက် ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။
Zawgyi
Leave a Reply