လမ်းဘေးတွင် တောင်းစားနေသည့် အိမ်ခြေမဲ့တစ်ဦးကို ခွန်အားဖြစ်စေမည့်စကားများဖြင့်နှစ်သိမ့်ကာ အလုပ်တစ်ခုလုပ်ကိုင်နိုင်ရန် ကူညီပြီး ဘဝကိုပြောင်းလဲပေးလိုက်သည့် လူငယ်လေး

လမ်းဘေးတွင် တောင်းစားနေသည့် အိမ်ခြေမဲ့တစ်ဦးကို ခွန်အားဖြစ်စေမည့်စကားများဖြင့်နှစ်သိမ့်ကာ အလုပ်တစ်ခုလုပ်ကိုင်နိုင်ရန် ကူညီပြီး ဘဝကိုပြောင်းလဲပေးလိုက်သည့် လူငယ်လေး

လူတစ်ဦးတစ်ယောက်သည် အိမ်ခြေရာမဲ့ဘဝဖြင့် လမ်းပေါ်တွင် နေထိုင်လာရသောအခါ အခြားသူများနှင့် တန်းတူနေထိုင်ဆက်ဆံရန်အတွက် အားငယ်သိမ်ငယ်မှုများရှိလာတတ်ကြပါတယ်။ယခုတွင်လည်း သြစတေးလျနိုင်ငံမှ အိမ်ခြေမဲ့တစ်ဦးသည် လမ်းဘေးတွင် တောင်းရမ်းစားသောက်ပြီး နေထိုင်နေခဲ့ရပါတယ်။

ထို့ကြောင့် Luis Xavier Del Rosarioလို့အမည်ရသည့်လူငယ်လေးဟာ အမျိုးသား၏အဖြစ်ကို သတိပြုမိပြီး ဘဝကို ပြောင်းလဲပေးနိုင်ရန် ကြိုးစားခဲ့ပါတယ်။အိမ်ခြေမဲ့အမျိုးသားအနားကို ကောင်လေးဟာ သွားရောက်ပြီး လူကြားထဲတွင် တန်းတူနေထိုင်ရဲရန်အတွက် ခွန်းအားဖြစ်စေမည့်စကားများဖြင့် နှစ်သိမ့်ပေးခဲ့ပါတယ်။

ထို့နောက် အမျိုးသားကို အဝတ်အစားများဝယ်ယူပေးပြီး အလုပ်တစ်ခုတွင် လုပ်ကိုင်နိုင်ရန်အတွက်လည်း အလုပ်ရှာပေးခဲ့တာဖြစ်ပါတယ်။

Zawgyi





Be the first to comment

Leave a Reply

Your email address will not be published.


*