လမ်းဘေးတွင် တောင်းစားနေခဲ့ရသော်လည်း အားလပ်ချိန်လေးများတွင် စာပေများကို လေ့လာဆည်းပူးနေခဲ့သည့် သနားစဖွယ်အသက်၆နှစ်အရွယ် ကလေးငယ်လေး

လမ်းဘေးတွင် တောင်းစားနေခဲ့ရသော်လည်း အားလပ်ချိန်လေးများတွင် စာပေများကို လေ့လာဆည်းပူးနေခဲ့သည့် သနားစဖွယ်အသက်၆နှစ်အရွယ် ကလေးငယ်လေး

ယခုတွင် ကလေးငယ်လေး၏ လမ်းဘေး၌စာကြည့်နေသည့် ပုံလေးကို မြင်သွားခဲ့လျှင် လူတိုင်းဟာ စိတ်မကောင်းဝမ်းနည်းမိစေမှာ သေချာပါတယ်။ကလေးဟာ အသက်၆နှစ်အရွယ်သာရှိသေးပြီး အလွန်အိုမင်းနေပြီဖြစ်သော အဖိုးဖြစ်သူနှင့်နေထိုင်ကာ အခြားအားကိုးစရာဟူ၍ မရှိသူလည်းဖြစ်ပါတယ်။

 

ထို့ကြောင့် ကလေးငယ်လေးနှင့် အဖိုးဖြစ်သူတို့ဟာ လမ်းဘေးတစ်ခုတွင် တောင်းစားနေရပြီး ဘဝ၏စားဝတ်နေရေး ဖြေရှင်းနေခဲ့ရပါတယ်။သို့သော်လည်း ကလေးငယ်ဟာ အားငယ်ခြင်းမရှိဘဲ ကျောင်းကပြန်လာသည်နှင့် တောင်းစားနေသည့်အဖိုး၏ဘေးတွင် အဖော်ပြုပေးရင်းဖြင့် စာလုပ်နေခဲ့တာလည်းဖြစ်ပါတယ်။

ကလေးငယ်လေး၏ လိမ္မာလွန်းလှပြီး ဘဝအခက်အခဲများကို စိတ်ပျက်ခြင်းမရှိဘဲ စာကြိုးစားနေသည့် မြင်ကွင်းများဟာ လူအများ၏ ဂရုဏာသက်ခြင်းကိုလည်း ခံခဲ့ရပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*