လမ်းဘေးက မသန်စွမ်းအဘိုးအိုကို ကြင်နာစွာဆက်ဆံခဲ့တဲ့အပြုအမှုကြောင့် လူအများရဲ့ချီးမွမ်းခြင်းကို ခံနေရတဲ့ မိန်းကလေး

လမ်းဘေးက မသန်စွမ်းအဘိုးအိုကို ကြင်နာစွာဆက်ဆံခဲ့တဲ့အပြုအမှုကြောင့် လူအများရဲ့ချီးမွမ်းခြင်းကို ခံနေရတဲ့ မိန်းကလေး

အခုတစ်ခါဖော်ပြပေးမှာက လူမှုမီဒီယာအပေါ် ကျော်ကြားနေတဲ့ ဖိလစ်ပိုင်နိုင်ငံက အလွန်ကိုလှပတဲ့ဆရာမတစ်ဦးဘဲဖြစ်ပါတယ်။ သူမဟာ ပွဲတစ်ခုကို ချီတက်နေစဉ် လမ်းဘေးက မသန်စွမ်းတဲ့ အဘိုးတစ်ဦးကို သတိပြုမိခဲ့ပါတယ်။ Netizen Zeinab Harake အမည်ရှိ ၎င်းအမျိုးသမီးဟာ ဟာ သနားကြင်နာတတ်တဲ့သူတစ်ယောက်ဖြစ်ပြီး သူမဟာ လမ်းဘေးမှာ ထိုင်နေတဲ့ ထိုအဘိုးကို လှူဒါန်းရန်တောင်းဆိုပြီး သူမက စားစရာအတွက် ပိုက်ဆံအနည်းငယ်ပေးခဲ့လိုက်ပါတယ်။

ထိုအဘိုးက သူမရဲ့ အလှအတွက် ကျေးဇူးတင်ကြောင်းပြောနိုင်ပေမဲ့လည်း သူလမ်းမလျှောက်တက်တော့ သူကိုယ်တိုင် အစားအစာမဝယ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ သူမသဟာ သူ့ကိုပြုံးပြီး သူမနောက်မှ ပြန်လာလိမ့်မယ် လို့ ထိုအဘိုးကို ပြောလိုက်ပါတယ်။နေ့မွန်းလွဲပိုင်းလောက်မှာ ချီတက်ပွဲအဆုံးသတ်လိုက်တဲ့အခါ Zeinab ဟာ အစောပိုင်းကတွေခဲ့တဲ့ အားနည်းတဲ့ အဘိုးဆီကို ပြန်သွားခဲ့ပါတယ်။

သူမဟာ အဘိုက အဲ့နေရာမှာ ထိုင်နေဆဲက်ု တွေ့ရပြီး အဲ့နောက် သူမက အစားအစာနဲ့သောက်စရာအချို့ကို ဝယ်ယူပြီး အဘိုးထံ ယူဆောင်လာခဲ့ပ့တယ်။ ၎င်းမသန်မစွမ်းဖြစ်နေတဲ့အဘိုးဟာ စိတ်ပျက်အားငယ်စွာကြည့်နေသော်လည်း Zeinab က အဘိုးနဲ့ ချဉ်းကပ်ပြီး စကားပြောဆိုခဲ့ပါတယ်။ သူမဟာ သူ့မိသားစုအကြောင်းမေးတဲ့အခါ အဘိုးက သူ့မှာမောင်နှမတွေရှိသော်လည်း အဘိုးဟာမိသားစုမရှိကြောင်း ဝန်ခံခဲ့ပါတယ်။

ထိုအဘိုးရဲ့အခက်အခဲကြောင့် Zeinab ဟာ ငိုယိုနေခဲ့ပါတယ်။ သူမကကံကောင်းထောက်မစွာဖြင့် လူအများကို ကူညီပေးခဲ့သော်လည်း အဘိုးလိုလူနဲ့ တွေ့ဆုံခြင်းဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ Zeinab က ပြောကြားခဲ့ပါတယ်။ အဘိုးနဲ့ဓာတ်ပုံတူတူရိုက်ပြီး ဆိုရှယ်မီဒီယာပေါ်ဝေမျှခဲ့ရာ ပျံ့နှံ့သွားပြီး Netizen တွေက ” အရမ်းကြင်နာတတ်တဲ့မိန်းကလေးပါဘဲ ။ Zeinab, မင်းအမြဲတမ်းချိုမြိန်ပြီး ရက်ရောပါစေ။ ” လို့ မှတ်ချပေးကြပါတယ်။

Zawgyi






Be the first to comment

Leave a Reply

Your email address will not be published.


*