လမ်းပျောက်နေတဲ့အကြောင်းကို ရဲစခန်းမှာ ကိုယ်တိုင် လာရောက်တိုင်ကြားခဲ့တဲ့ ခွေးလေး

လမ်းပျောက်နေတဲ့အကြောင်းကို ရဲစခန်းမှာ ကိုယ်တိုင် လာရောက်တိုင်ကြားခဲ့တဲ့ ခွေးလေး

ပြီးခဲ့တဲ့ တစ်ပတ်က တနင်္ဂနွေနေ့မှာ တက္ကဆက် Odessa ရဲဌာနမှ အရာရှိတွေက မမျှော်လင့်တဲ့ တစ်စုံတစ်ဦးကို လက်ခံရရှိခဲ့ပါတယ်။၎င်းလက်ခံထားရှိခဲ့တဲ့ သူက ခွေးတစ်ကောင်ဖြစ်ပြီး ခွေးက လမ်းပျောက်နေပုံရပါတယ်။လက်ခံရရှိခဲ့တဲ့ အရာရှိထဲမှာ တပ်ကြပ်ကြီး Rusty Martin လည်းပါဝင်ခဲ့ပါတယ်။

ရဲအရာရှိတွေက လမ်းပျောက်နေတဲ့ ခွေးလေးကို သူ့ရဲ့တစ်နေ့တာ အကောင်းဆုံးအချိန်ဖြစ်အောင် ပြုလုပ်ပေးခဲ့ပါတယ်။”သူတို့တွေက ခွေးလေးကို ချစ်ခြင်းမေတ္တာနဲ့ အားရုံစိုက်မှုအများကြီး ပေးပါတယ်။” လို့ Dusty Martin က ပြောပါတယ်။”ကျွန်မတို့ဆီမှာ ကစားစရာတွေလည်း အများကြီးရှိပါတယ်။

လူတိုင်းကလည်း သူ့ကိုချစ်ကြတယ်။ခွေးလေး ‌ကစားရတာပျင်းတဲ့အခါတိုင်း ခွေးလေးက သူ့ရဲ့ သခင်ထံ ပြန်သွားရန်ကို ဝမ်းနည်းတဲ့ပုံစံနဲ့ ပြုမှုခဲ့ပါတယ်။” လို့ ရဲအရာရှိ အမျိုးသမီးတစ်ဦးက ပြောခဲ့ပါတယ်။သို့ပေမဲ့လည်း ခွေးလေးရဲ့ လည်ပတ် အိုင်ဒီတံဆိပ်ပြုတ်ကျသွားခဲ့တာကြောင့် ပိုင်ရှင်ကို ရှာပေးဖို့ မလွယ်ကူပါဘူး။အဲ့ဒါကြောင့် ခွေးလေးကို စစ်ဆေးရန် တိရိစ္ဆာန်ထိမ်းချုပ်မှုကို ပို့ဆောင်လိုက်ပါတယ်။

သို့သော်လည်း ကံကောင်းတာကတော့ ခွေးရဲ့မိသားစုတွေက လိုက်လံရှာဖွေတာကြောင့် ပြန်လည်တွေ့ရှိခဲ့ပါတယ်။”သူ့ခွေးဘဲ။သူက ဘူတာကနေ ၂မိုင်လောက်အကွာမှာနေတယ်” ဆိုပြီး ပိုင်ရှင်က ပြောလိုက်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*