လမ်းပေါ်မှကလေးတွေကို ပညာတက်စေလိုတဲ့စိတ်အရင်းခံနဲ့ စာသင်ကြားပေးနေတဲ့မူကြိုဆရာမလေး

ပညာရေးက ရတနာသိုက်ကြီးတစ်ခုပါပဲ.. ဘယ်သူမှ ထိုအရာကို သင်တို့ဆီက အဝေးယူဆောင်သွားလို့မရဘူး။ပညာရှိသူတွေဆီက ဗဟုသုတအသိပညာတွေ ဆည်းပူးဖို့လိုပါတယ်။ ဖိလစ်ပိုင်လို..တစ်ချို့နိုင်ငံတွေမှာလည်း ကံမကောင်းအကြောင်းမလှလို့…ငွေကြေးချို့တဲ့တာက တစ်ကြောင်း၊ ပညာရေးစရိတ်တွေက စျေးကြီးတာကတစ်ကြောင်းနဲ့…လူတန်းစေ့ ပညာသင်ယူဖို့ဆိုတာ သိပ်ခက်ခဲလှပါတယ်။ အခု… Manilaရှိ လမ်းပေါ်မှကလေးတွေကို စာသင်ကြားပေးနေတဲ့ ဆရာမလေးကြည့်ပြီး အတုယူရအောင်လား။

လမ်းပေါ်မှ ကလေးဆိုတော့ သိတဲ့အတိုင်း..တစ်နေ့..တစ်နေ့စားဖို့ သောက်ဖို့ကို ရုန်းကန်ရှာဖွေနေရတာလေ။ ဖိလစ်ပိုင်မှ Manilaလမ်းမမှာလည်း ကလေးတွေက သူတို့တစ်နေ့တာကို ပိုက်ဆံရှာရင် ရှာ..မဟုတ်ရင် အစားစာတောင်းစားရင်း အချိန်ကုန်ဆုံးနေရတယ်။

ဒီကလေးတွေက ကျောင်းလည်းမတတ်နိုင်တဲ့အပြင် သူတို့မိဘတွေအတွက်တောင် ပိုက်ဆံပြန်ရှာပေးနေရတယ်။ ဒီကလေးတွေ ဘဝကိုဒီလိုပဲကုန်ဆုံးနေတော့မှာလားလို့ ကြည့်နေမယ့်အစား စာသင်ပေးဖို့ဆုံးဖြတ်ခဲ့တဲ့ Dara Mae Tuazon လိုလူမျိုးတစ်ယောက်ရှိတာ အလွန်ဝမ်းသာစရာပါပဲ။

Dara Mae Tuazonက မူကြိုဆရာမလေးဖြစ်ပြီိး လတ်တလောမှာလည်း အရှေ့ပိုင်း တက္ကသိုလ်တွင် ပညာဆည်းပူးနေပါတယ်။ ကလေးတွေကို သူမနည်းလမ်းနဲ့စာသင်ကြားပေးဖို့ ဆုံးဖြတ်ခဲ့တယ်။ ကလေးတွေ စားသောက်ဖို့ သူမပိုက်ဆံနဲ့ဝယ်ကျွေးခဲ့ပြီး စာသင်ကြားပေးပါတယ်။

ကလေးတွေကို စာသင်ရတာ သူမသဘောကျသလို..ကလေးတွေကလည်း သူမနဲ့စာသင်ရတာ ပျော်တယ်လို့ သိရပါတယ်။

ဖေ့စ်ဘုတ်ပေ့ချ် UM Freedom Wallမှာ သူမဓာတ်ပုံတွေပျံနှံပြီးအချိန်မှာတော့ အင်တာနက်သုံးစွဲသူတွေ သူမပို့စ်ကို အများကြီးပြန်မျှဝေခဲ့တယ်။ တစ်နေ့မှာ သူမဖြစ်ချင်တဲ့ ဆရာမကောင်းတစ်ယောက်ဖြစ်လိမ့်မယ်လို့ ယုံကြည်မိပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*