လမ်းပေါ်တွေမှာလှည့်ပတ်ကခုန်ပြီး ကျင်းပနေတဲ့ မင်္ဂလာဆောင်ပွဲကို မြင်ပြီးနောက် လိုက်ကနေခဲ့တဲ့ ကြည်နူးစရာလေလွင့်ခွေးရဲ့ဖြစ်ရပ်

လမ်းပေါ်တွေမှာလှည့်ပတ်ကခုန်ပြီး ကျင်းပနေတဲ့ မင်္ဂလာဆောင်ပွဲကို မြင်ပြီးနောက် လိုက်ကနေခဲ့တဲ့ ကြည်နူးစရာလေလွင့်ခွေးရဲ့ဖြစ်ရပ်

ခွေးတွေဟာ လူ့စကားကို မပြောနိုင်သော်လည်း သူတို့ဟာ လူသားတွေရဲ့ အကြောင်းကို များစွာနားလည်နိုင် ပုံရပါတယ်။ ခွေးတွေဟာ လူသားတွေရဲ့ နေပုံထိုင်ပုံတွေကို လွယ်လွယ်ကူကူနဲ့ လေ့လာသင်ယူနိုင်ပါတယ်။ ခွေးတွေက အလိုအလျောက် ဘယ်လိုပြုလုပ်ရမယ်ဆိုတာကိုလည်း သိနေကြပါတယ်။

မက္ကစီကိုရှိ ၎င်းခွေးလို လမ်းပေါ်က ကပွဲတွေမှာ ပျော်ပျော်ရွှင်ရွှင် ကစားနေကြတဲ့ လူတွေကိုမြင်တွေ့ပြီးနောက် လမ်းပေါ်ကိုဝင်လာပြီး လိုက်ကနေတာကို တွေ့ရတော့ ကြည့်နူးဖွယ်ကောင်းလှပါတယ်။ခွေးလေး ကနေတဲ့ ဗီဒီယိုကို The Dodo မှ မျှဝေခဲ့ပြီး ပို့စ်ရဲ့အဆိုအရ ဒီမက္ကစီကိုရဲ့ လမ်းပေါ်မှာ ကျင်းပတဲ့ မင်္ဂလာဆောင်ပွဲတော်ကာလအတွင်း ဖြစ်ပျက်ခဲ့တာပါ။ ရိုးရာအစဉ်အလာအရ၊ ရှည်လျားတဲ့စကတ်တွေနဲ့ ဝတ်စုံတွေကို ဝတ်ဆင်ပြီး တေးသီချင်းဖွင့်ကာ ကခုန်ခြင်းဖြင့် လှည့်ပတ်သွားကြတာပါ။ ထိုအတောအတွင်း သတို့သမီးနဲ့ သတို့သားတို့ ကိုယ်စားပြု ‘mojigangas’ လို့ခေါ်တဲ့ ဧရာမရုပ်သေးရုပ်နှစ်ခုကလည်း ကခုန်နေခဲ့ပါတယ်။

မင်္ဂလာဆောင် သတို့သားနဲ့ သတို့သမီးအတွက် ကောင်းချီးမင်္ဂလာဆုတောင်းပေးရန် ရည်ရွယ်ခြင်းဖြစ်ပါတယ်။ သို့ပေမဲ့ ထိုမင်္ဂလာဆောင်ပွဲကျင်းပတဲ့ လမ်းလျှောက်လုံး လမ်းပေါ်က ခွေးတစ်ကောင်ဟာ ပျော်ရွှင်စွာပါဝင်နေတာကြောင့် ထူးခြားတဲ့အရာဖြစ်လာခဲ့ပါတယ်။ လမ်းပေါ်က ခွေးဟာ အကသမားတွေရဲ့ ပတ်ပတ်လည် လှည့်ပတ်နေတာကို သတိပြုမိခဲ့ပြီး ထိုနည်းတူ၊ လမ်းပေါ်ကလူတွေလည်း ပါတီပွဲကို ဝိုင်းကြည့်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ကြည်နူးနေကြပါတယ်။

Zawgyi

လမ္းေပၚေတြမွာလွည့္ပတ္ကခုန္ၿပီး က်င္းပေနတဲ့ မဂၤလာေဆာင္ပြဲကို ျမင္ၿပီးေနာက္ လိုက္ကေနခဲ့တဲ့ ၾကည္ႏူးစရာေလလြင့္ေခြးရဲ႕ျဖစ္ရပ္

ေခြးေတြဟာ လူ႔စကားကို မေျပာႏိုင္ေသာ္လည္း သူတို႔ဟာ လူသားေတြရဲ႕ အေၾကာင္းကို မ်ားစြာနားလည္ႏိုင္ ပုံရပါတယ္။ ေခြးေတြဟာ လူသားေတြရဲ႕ ေနပုံထိုင္ပုံေတြကို လြယ္လြယ္ကူကူနဲ႔ ေလ့လာသင္ယူႏိုင္ပါတယ္။ ေခြးေတြက အလိုအေလ်ာက္ ဘယ္လိုျပဳလုပ္ရမယ္ဆိုတာကိုလည္း သိေနၾကပါတယ္။

မကၠစီကိုရွိ ၎ေခြးလို လမ္းေပၚက ကပြဲေတြမွာ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ကစားေနၾကတဲ့ လူေတြကိုျမင္ေတြ႕ၿပီးေနာက္ လမ္းေပၚကိုဝင္လာၿပီး လိုက္ကေနတာကို ေတြ႕ရေတာ့ ၾကည့္ႏူးဖြယ္ေကာင္းလွပါတယ္။ေခြးေလး ကေနတဲ့ ဗီဒီယိုကို The Dodo မွ မွ်ေဝခဲ့ၿပီး ပို႔စ္ရဲ႕အဆိုအရ ဒီမကၠစီကိုရဲ႕ လမ္းေပၚမွာ က်င္းပတဲ့ မဂၤလာေဆာင္ပြဲေတာ္ကာလအတြင္း ျဖစ္ပ်က္ခဲ့တာပါ။ ႐ိုးရာအစဥ္အလာအရ၊ ရွည္လ်ားတဲ့စကတ္ေတြနဲ႔ ဝတ္စုံေတြကို ဝတ္ဆင္ၿပီး ေတးသီခ်င္းဖြင့္ကာ ကခုန္ျခင္းျဖင့္ လွည့္ပတ္သြားၾကတာပါ။ ထိုအေတာအတြင္း သတို႔သမီးနဲ႔ သတို႔သားတို႔ ကိုယ္စားျပဳ ‘mojigangas’ လို႔ေခၚတဲ့ ဧရာမ႐ုပ္ေသး႐ုပ္ႏွစ္ခုကလည္း ကခုန္ေနခဲ့ပါတယ္။

မဂၤလာေဆာင္ သတို႔သားနဲ႔ သတို႔သမီးအတြက္ ေကာင္းခ်ီးမဂၤလာဆုေတာင္းေပးရန္ ရည္႐ြယ္ျခင္းျဖစ္ပါတယ္။ သို႔ေပမဲ့ ထိုမဂၤလာေဆာင္ပြဲက်င္းပတဲ့ လမ္းေလွ်ာက္လုံး လမ္းေပၚက ေခြးတစ္ေကာင္ဟာ ေပ်ာ္႐ႊင္စြာပါဝင္ေနတာေၾကာင့္ ထူးျခားတဲ့အရာျဖစ္လာခဲ့ပါတယ္။ လမ္းေပၚက ေခြးဟာ အကသမားေတြရဲ႕ ပတ္ပတ္လည္ လွည့္ပတ္ေနတာကို သတိျပဳမိခဲ့ၿပီး ထိုနည္းတူ၊ လမ္းေပၚကလူေတြလည္း ပါတီပြဲကို ဝိုင္းၾကည့္ၿပီး ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ ၾကည္ႏူးေနၾကပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*