‘လမ်းပေါ်က ဗွက်အိုင်လေးပါ’ ဆိုပြီး ကားဖြတ်မောင်းမိသူရဲ့ အဖြစ်ဆိုး

‘လမ်းပေါ်က ဗွက်အိုင်လေးပါ’ ဆိုပြီး ကားဖြတ်မောင်းမိသူရဲ့ အဖြစ်ဆိုး

ဒီအဖြစ်အပျက်ကတော့ စကားနဲ့ဘယ်လိုစပြီးပြောရမှန်းတောင် မသိတော့ပါဘူး ။ အကြောင်းကတော့ ရွာလမ်းတစ်နေရာကို ကားမောင်းသွားခဲ့တဲ့ ခရီးသွားတစ်ဦးက လမ်းရဲ့အခြေအနေကိုမသိဘဲ မိုးရွာထားလို့ လမ်းပေါ်မှာ ရေတွေပြည့်နေတဲ့ ဗွက်အိုင်လေးလို့ အထင်နဲ့ အေးအေးဆေးဆေး ကားဖြတ်မောင်းဖို့ကြိုးစားခဲ့ပါတယ် ။

ကံဆိုးစွာနဲ့ လမ်းပေါ်က ရေတွေက ဗွက်အိုင်ငယ်လေးဖြစ်မနေဘဲ ရေတွင်းလောက်ကိုနက်တဲ့ တွင်းကြီးဖြစ်နေခဲ့လို့ပါ ။ ကားတစ်စီးလုံးလည်း ရစရာမရှိအောင် တွင်းထဲနစ်ဝင်သွားခဲ့လို့ နောက်ဆုံးရွာသားတွေက မြေကော်စက်တွေနဲ့ ကားကိုပြန်ဆယ်ထုတ်ပေးခဲ့ရပါတယ် ။

ရွာသားတွေကလည်း ခရီးသွားတွေ ၊ ကားသမားတွေ သတိပြု နိုင်အောင် အချက်ပေးအရာတွေတောင်လုံးဝမထားရှိတာက တကယ့်ကိုအံ့သြလောက်အောင် အသိစိတ်မရှိဘူးလို့ ဝေဖန်ပြစ်တင်ရမှာပါပဲ ။ ကားပေါ်ပါရှိတဲ့လူတွေ အန္တရာယ်ကင်းဖို့သာ မျှော်လင့်ရမှာပါပဲလေ ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*