
လမ်းတွင်ဖွန်လာကြောင်သည့် ကောင်လေးတွေကို ပစ်ထုတ်လိုက် ပြန်ကောက်လိုက် လုပ်သွားနိုင်သည့် ကာယဗလမယ်ကောင်မလေး
လူငယ်တို့၏ သဘာဝ ယောကျာ်းလေးတွေဟာ နေရာတစ်ခုတွင် ချောချောလှလှကောင်မလေးတွေကို တွေ့ရှိပါက အပျော်သဘောဖြင့် စနောက်နေတတ်ကြသည်။ယခုတွင်လည်း ကောင်မလေး၏ အကြောင်းကို သေချာမသိဘဲ ပုံမှန်လို သွားစမိရင်တော့ သင့်ကို သုံးခေါက်လောက် ကိုင်ပေါက်သွားမယ့်ကောင်မလေးတစ်ဦးရှိပါတယ်။
သူမဟာ ဗီယက်နမ်နိုင်ငံ Dong Naiတွင် နေထိုင်သူတစ်ဦးဖြစ်ပြီး ကာယဗလမယ်တစ်ဦးလည်းဖြစ်ပါတယ်။သူမသည် အသက်၂၃နှစ်သာရှိသေးပြီး အမည်မှာ Tran Thi Nyဟုသိရပါတယ်။ကောင်မလေးဟာ အသက်၁၈နှစ်အရွယ်မှစပြီး ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအတွက် လေ့ကျင့်သင်ကြားမှုတွေစတင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
ထို့နောက်အသက်၂၁နှစ်အရွယ်တွင် ထိုင်းနိုင်ငံသို့ ကာယဗလမယ်သွားပြိုင်စဥ် ငွေတံဆိပ်နဲ့ ကြေးတံဆိပ်တို့ကို ရရှိထားသူလည်းဖြစ်သည်။သူမ၏ ဗလနှစ်တော့ စိတ်ရှုပ်အောင် ဖွန်ကြောင်မိရင် ကိုင်ပေါက်ခံရမှာ သေချာပါတယ်။
Zawgyi
Leave a Reply