
ဒီအမျိုးသမီးလေးရဲ့နာမည်ကတော့ Chang Tadano လို့အမည်ရပြီး သူမဟာ တရုတ်နိုင်ငံမှာ နေထိုင်တဲ့ မိန်းကလေးတစ်ဦးပဲဖြစ်ပါတယ်။
သူမဟာ အရမ်းဝတဲ့မိန်းကလေးတစ်ယောက်ဆိုပေမယ့် ၇ လအတွင်းမှာတင်သူမဟာ အရမ်းလှပတဲ့မိန်းကလေးတစ်ယောက်ဖြစ်အောင် ဝိတ်ချနိုင်ခဲ့ပါတယ်။
သူမဝိတ်ချခဲ့တဲ့ နည်းလမ်းလေးဟာဆိုရင်လည်း အရမ်းရိုးရှင်းလှသလို လွယ်လွယ်လေးနဲ့ လူတိုင်းလိုက်လုပ်နိုင်တဲ့ နည်းလမ်းလေးပဲဖြစ်ပါတယ်။
Chang Tadano ပြောပြခဲ့တာကတော့ ဒီ ၇ လအတွင်းမှာ သူမဟာ အချိုတွေကိုရှောင်စားခဲ့သလို အငန်တွေကိုလည်းရှောင်စားခဲ့ပါတယ်။
ဒါ့အပြင် လူကို ဝစေနိုင်တဲ့ အစားအစာတွေကိုလည်း ရှောင်စားခဲ့ပါတယ်။
ရေကိုလည်း တတ်နိုင်သမျှများများသောက်သုံးပေးပြီး ကျန်မာရေးအတွက် အထောက်အကူဖြစ်စေဖို့အတွက် ငါးနဲ့ကြက်သားတွေအပြင် ဟင်းသီးဟင်းရွက်တွေကို စားသုံးပြီး ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ပရိုတင်းဓာတ်ကို ဖြည့်တင်းခဲ့ပါတယ်။
ဒါ့အပြင် နေ့စဉ်နေ့တိုင်း You Tube ကနေ့ လေ့ကျင့်ခန်းပြုလုပ်ပုံတွေကို လေ့လာပြီး လေ့ကျင်ခဲ့တဲ့အခါမှာတော့ Chang Todano ဟာ အခုလိုလှပလှတဲ့ ခန္ဓာကိုယ်လေးကို ၇ လထဲနဲ့ရရှိအောင် ဝိတ်ချနိုင်ခဲ့တာဖြစ်ပါတယ်လို့ပြောကြားခဲ့ပါတယ်။
သူမဝိတ်ချခဲ့တဲ့ နည်းလမ်းလေးဟာ လွယ်လွယ်ကူကူရိုးရိုးရှင်းရှင်လေးနဲ့ လူတိုင်းလိုက်လုပ်လို့ရတဲ့ နည်းလမ်းလေးဖြစ်တာကြောင့် လူတော်တော်များများက လိုက်လံပြုလုပ်နေတာကိုလည်း တွေ့ရပါတယ်။
ဒီနည်းလမ်းလေးဟာ အရမ်းဝနေလို့ စိတ်ညစ်နေတဲ့ ပရိသတ်တွေအတွက် ဝိတ်ချဖို့နည်းလမ်းကောင်းလေးတစ်ခု ဖြစ်စေနိုင်တာကြောင့် ဖော်ပြပေးလိုက်ရပါတယ်။
Leave a Reply