လစာဝင်ငွေမကောင်းလို့ဆိုပြီး ကောင်လေးဧ။်လက်ထပ်ခွင့်တောင်းခြင်းကို ငြင်းဆန်ခဲ့သော မိန်းကလေး

လစာဝင်ငွေမကောင်းလို့ဆိုပြီး ကောင်လေးဧ။်လက်ထပ်ခွင့်တောင်းခြင်းကို ငြင်းဆန်ခဲ့သော မိန်းကလေး

လောကကြီးတွင် လူတိုင်းက အချစ်နှင့် ထိတွေ့ဖူးကြကာ ချစ်သူရည်းစားထားချိန်တွင် မိန်းကလေးများ အနေနှင့် သိပ်မစဉ်းတတ်ပေမယ့် လက်ထပ်ဖို့ကျ ရှေ့ရေးကို တွေးမိပြီး အရှည်ကြီး စဉ်းစားတတ်ကြပါသည်။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ ချစ်သူစုံတွဲသည် အချိန်ကြာချစ်လာပြီးနောက် လမ်းမပေါ်တွင် ပန်းစည်း လက်စွပ်လေးနှင့်အတူ ကောင်လေးမှ ဒူးထောက်ကာ ကြည်နူးဖွယ် လက်ထပ်ခွင့်တောင်းခဲ့သော်လည်း ချစ်သူမိန်းကလေးမှ လက်မထပ်နိုင်ကြောင်း ငြင်းဆန်ခဲ့၍ ကြေကွဲစရာမြင်ကွင်းလေး ဖြစ်ခဲ့သည်။

၂၉နှစ်အရွယ် ကောင်လေးသည် နိုင်ငံခြား ကုမ္ပဏီတစ်ခုမှ ဝန်ထမ်းတစ်ဦးဖြစ်ပြီး တစ်လဝင်ငွေမှာ သန်း ၂၀ ဖြစ်ပြီး ၂၆နှစ်အရွယ် ချစ်သူမိန်းကလေးသည်လည်း အလှကုန်ပစ္စည်း ထုတ်လုပ်သော ကုမ္ပဏီတွင် ဝန်ထမ်းတစ်ဦးအဖြစ် လုပ်ကိုင်လျက်ရှိသည်။

သူတို့ချစ်သူနှစ်ဦးသည် အလုပ်လက်မဲ့ဘဝကတည်းက အခက်အခဲတွေကို တူတူရင်ဆိုင်ဖြတ်ကျော်ခဲ့ရင်း အရမ်းချစ်ခဲ့ကြပြီး ကောင်လေးသည် အချိန်ကြာလာသည်နှင့်အမျှ လက်ထပ်ခွင့်တောင်းခဲ့သောအခါ လစာဝင်ငွေနည်းနည်းပဲ ရသည်ဟု ဆိုကာ လမ်းခွဲခဲ့သည်။ထိုအဖြစ်အပျက်သည် လူမှုကွန်ယက်တွင် ပျံ့နှံ့သွား၍ ကောင်လေးအား စာနာသနားမိကြသည်။

Zawgyi






Be the first to comment

Leave a Reply

Your email address will not be published.


*