လစာငွေအကုန်သုံးပြီး တူလေးကို ဂိမ်းစက်ဝယ်ပေးခဲ့လို့ 15 နှစ်အကြာ ကျေးဇူးပြန်ဆပ်တာခံခဲ့ရတဲ့ ဦးလေး

လစာငွေအကုန်သုံးပြီး တူလေးကို ဂိမ်းစက်ဝယ်ပေးခဲ့လို့ 15 နှစ်အကြာ ကျေးဇူးပြန်ဆပ်တာခံခဲ့ရတဲ့ ဦးလေး

ဒီတစ်ခေါက်ဖော်ပြမဲ့ ကောင်လေးတစ်ယောက်ရဲ့ ကျေးဇူးမမေ့နိုင်ပုံလေးက မထင်မှတ်ထားရလောက်အောင်ပါပဲ ။ Steven Elliot Ng အမည်ရှိတဲ့ အသက် 24 နှစ်အရွယ်ကောင်လေးဟာ အခုဆိုရင် တစ်ကယ့်ကိုသူဋ္ဌေးတစ်ယောက်ဖြစ်နေခဲ့ပါပြီ ။ သို့ပေမဲ့လည်း သူ့ရဲ့ငယ်ဘဝဟာ အတော်လေးခက်ခဲပြီး ပင်ပန်းဆင်းရဲခဲ့ရပါတယ် ။

ငယ်ဘဝက ခက်ခဲလွန်းလို့ အခြားကလေးတွေလို ဂိမ်းဆော့ကစားနိုင်ခွင့်တောင်မရှိခဲ့ပါဘူး ။ ဒါပေမဲ့လည်း ဦးလေးဖြစ်သူက အလုပ်ရသွားခဲ့ချိန်မှာတော့ တစ်လလုံးရဲ့လစာ $400 ကို သုံးစွဲပြီး Steven တို့ညီအစ်ကိုအတွက် PS2 ဂိမ်းစက်ကို ဝယ်ပေးခဲ့ပါတယ် ။ သူတို့ဆင်းရဲခက်ခဲနေချိန်မှာ ဦးလေးဖြစ်သူကတော့ သူတို့လေးတွေကို ပျော်ရွှင်စေခဲ့ပုံရပါတယ် ။ဒါကြောင့် Steven က တစ်ရက်မှာတော့ ဦးလေးကို ကျေးဇူးပြန်ဆပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။

အခုချိန်မှာ မီလီယံနာသူဋ္ဌေးတစ်ယောက်ဖြစ်နေပြီဖြစ်တဲ့ Steven ဟာ ဦးလေးဖြစ်သူအတွက် အရင်ဦးဆုံး SUV ကားအသစ်တစ်စီးကိုဝယ်ပြီး လက်ဆောင်ပေးခဲ့ပါတယ် ။ ဦးလေးဖြစ်သူကတော့ 15 နှစ်အကြာမှာ တူလေးက ယခုလိုပြန်ပြီးကျေးဇူးဆပ်မယ်လို့ လုံးဝမထင်မှတ်ထားခဲ့ပါဘူး ။ အပြန်အလှန်ပျော်ရွှင်မှုတွေ ဝေမျှခဲ့ကြတဲ့ တူဝရီးနှစ်ယောက်ပါပဲလေ ။

Zawgyi

လစာေငြအကုန္သုံးၿပီး တူေလးကို ဂိမ္းစက္ဝယ္ေပးခဲ့လို႔ 15 ႏွစ္အၾကာ ေက်းဇူးျပန္ဆပ္တာခံခဲ့ရတဲ့ ဦးေလး

ဒီတစ္ေခါက္ေဖာ္ျပမဲ့ ေကာင္ေလးတစ္ေယာက္ရဲ႕ ေက်းဇူးမေမ့ႏိုင္ပုံေလးက မထင္မွတ္ထားရေလာက္ေအာင္ပါပဲ ။ Steven Elliot Ng အမည္ရွိတဲ့ အသက္ 24 ႏွစ္အ႐ြယ္ေကာင္ေလးဟာ အခုဆိုရင္ တစ္ကယ့္ကိုသူေ႒းတစ္ေယာက္ျဖစ္ေနခဲ့ပါၿပီ ။ သို႔ေပမဲ့လည္း သူ႔ရဲ႕ငယ္ဘဝဟာ အေတာ္ေလးခက္ခဲၿပီး ပင္ပန္းဆင္းရဲခဲ့ရပါတယ္ ။

ငယ္ဘဝက ခက္ခဲလြန္းလို႔ အျခားကေလးေတြလို ဂိမ္းေဆာ့ကစားႏိုင္ခြင့္ေတာင္မရွိခဲ့ပါဘူး ။ ဒါေပမဲ့လည္း ဦးေလးျဖစ္သူက အလုပ္ရသြားခဲ့ခ်ိန္မွာေတာ့ တစ္လလုံးရဲ႕လစာ $400 ကို သုံးစြဲၿပီး Steven တို႔ညီအစ္ကိုအတြက္ PS2 ဂိမ္းစက္ကို ဝယ္ေပးခဲ့ပါတယ္ ။ သူတို႔ဆင္းရဲခက္ခဲေနခ်ိန္မွာ ဦးေလးျဖစ္သူကေတာ့ သူတို႔ေလးေတြကို ေပ်ာ္႐ႊင္ေစခဲ့ပုံရပါတယ္ ။ဒါေၾကာင့္ Steven က တစ္ရက္မွာေတာ့ ဦးေလးကို ေက်းဇူးျပန္ဆပ္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္ ။

အခုခ်ိန္မွာ မီလီယံနာသူေ႒းတစ္ေယာက္ျဖစ္ေနၿပီျဖစ္တဲ့ Steven ဟာ ဦးေလးျဖစ္သူအတြက္ အရင္ဦးဆုံး SUV ကားအသစ္တစ္စီးကိုဝယ္ၿပီး လက္ေဆာင္ေပးခဲ့ပါတယ္ ။ ဦးေလးျဖစ္သူကေတာ့ 15 ႏွစ္အၾကာမွာ တူေလးက ယခုလိုျပန္ၿပီးေက်းဇူးဆပ္မယ္လို႔ လုံးဝမထင္မွတ္ထားခဲ့ပါဘူး ။ အျပန္အလွန္ေပ်ာ္႐ႊင္မႈေတြ ေဝမွ်ခဲ့ၾကတဲ့ တူဝရီးႏွစ္ေယာက္ပါပဲေလ ။

Be the first to comment

Leave a Reply

Your email address will not be published.


*