လက်ဝှေ့အကျော်အမော်တစ်ဦးဖြစ်ချင်သော်လည်း ဘဝ၏အခြေအနေတစ်ခုကြောင့် သစ်ပင်နှင့်သာ အမြဲခေါင်းနှင့်တိုက်ကာ လေ့ကျင့်နေခဲ့ရသည့် အမျိုးသား

လက်ဝှေ့အကျော်အမော်တစ်ဦးဖြစ်ချင်သော်လည်း ဘဝ၏အခြေအနေတစ်ခုကြောင့် သစ်ပင်နှင့်သာ အမြဲခေါင်းနှင့်တိုက်ကာ လေ့ကျင့်နေခဲ့ရသည့် အမျိုးသား

လူတိုင်းသည် ငယ်ရွယ်စဥ်ကတည်းကပင် မျှော်လင့်ချက်ကြီးစွာဖြင့် ကြီးမားသော အိမ်မက်များရှိကြသည်။အချို့သည် အိမ်မက်တို့ကို လက်တွေ့အကောင်အထည်ဖော်ကာ ဆောင်ရွက်နိုင်ကြသော်လည်း အချို့သည် ကံတရားနှင့် အခြေအနေအမျိုးမျိုးကြောင့် အိမ်မက်ကိုဆန့်ကျင်ကာ လုပ်ကိုင်နေကြရတတ်သည်။

 

ယခုတွင်လည်း တရုတ်နိုင်ငံမှ အမျိုးသားတစ်ဦးသည် ငယ်ရွယ်စဥ်ကပင် လက်ဝှေ့သမားတစ်ဦးဖြစ်ချင်နေခဲ့သည်။သို့သော် ဘဝ၏ အခြေအနေတစ်ခုကြောင့် ဝက်ဝှေ့လေ့ကျင်ရုံသို့ သွားရန် ငွေကြေးမတတ်နိုင်သဖြင့် အခြားအလုပ်လုပ်ကာ ငွေရှာနေခဲ့ရသည်။

အသက်အရွယ်ကြီးလာသည်နှင့်အမျှ မိသားစု စားဝတ်နေရေးကိုပါ ဖြေရှင်းလာရသည့်အတွက် အိမ်မက်ကို အကောင်အထည်ဖော်ရန် ပိုမိုခက်ခဲလာခဲ့ပေသည်။ထို့ကြောင့် အမျိုးသားသည် နေ့စဥ်နေ့တိုင်း လမ်းဘေးတစ်ခုတွင်ရှိသော သစ်ပင်ကို သွားရောက်ကာ ခေါင်းနှင့်တိုက်ပြီး လေ့ကျင်နေခဲ့သည်။အသက်အရွယ်ကြီးရင့်လာသော်လည်း ငယ်စဥ်ကအိမ်မက်သည် ပျောက်ပျက်မသွားဘဲ လေ့ကျင့်နေဆဲဖြစ့ပေသည်။

 

ထိုအမျိုးသားလေ့ကျင့်မှုများကို နိုင်ငံ၏ tvအစီအစဥ်တစ်ခုကပင် သွားရောက်ကာ ရိုက်ကူးမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*