
လက်ဖက်ရည်အဖျော်ဆရာကနေ ရိုးရှင်းလွန်းတဲ့ဓာတ်ပုံတစ်ပုံကြောင့် ဘဝအခြေအနေပြောင်းသွားခဲ့သူ (ရုပ်သံ)
2016 ခုနှစ်က ပါကစ္စတန်နိုင်ငံမှ Arshad Khan အမည်ရှိတဲ့ လက်ဖက်ရည်အဖျော်ဆရာဟာ သူစိမ်းတစ်ယောက်ရဲ့ကင်မရာကို အချိန်ကိုက်လှမ်းကြည့်မိရင် ၊ အဆိုပါဓာတ်ပုံတစ်ပုံကြောင့် နာမည်ကျော် star တစ်ယောက်ဖြစ်လာခဲ့ပါတယ် ။
Arshad ရဲ့ မိသားစုတွေက လက်ဖက်ရည်ဆိုင်ဖွင့်ခဲ့တာ နှစ်ပေါင်း 30 ခန့်ရှိနေပြီဖြစ်ပြီး ၊ professional ဓာတ်ပုံဆရာ Javeria Ali နဲ့ မတွေ့ဆုံမီ လအနည်းငယ်အကြာမှ အဆိုပါလက်ဖက်ရည်ဆိုင်သို့ Arshad က အလုပ်ဝင်ကူနေခဲ့တာပါ ။ Ali ရဲ့ကင်မရာကို အချိန်ကိုက်လှမ်းကြည့်မိခဲ့တဲ့ ငယ်ရွယ်သေးတဲ့ Arshad ဟာ အပြာရောင်မျက်ဝန်းလေးနဲ့မို့ အဆိုပါအချိန်ကစပြီး online ပေါ်မှာ အတော်လေးကို ရေပန်းစားသွားခဲ့တာပါ ။
အဆိုပါဓာတ်ပုံကြောင့် ကြော်ငြာရိုက်ဖို့ ကမ်းလှမ်းမှုအများအပြားရရှိခဲ့ပြီး ၊ မော်ဒယ်တစ်ယောက်အနေနဲ့ စာချုပ်ချုပ်ဆိုနိုင်ခဲ့ကာ ၊ TV channel တွေမှာလည်း Arshad တစ်ယောက် 17 နှစ်အရွယ်တည်းနဲ့ အောင်မြင်မှုရယူနိုင်ခဲ့တာပါ ။ သို့ပေမဲ့လည်း အကြောင်းတစ်စုံတစ်ရာကြောင့် Arshad ဟာ ပရိသတ်တွေရဲ့ ရှေ့ကနေ ပျောက်ကွယ်သွားခဲ့ပြီး သူ့ရဲ့ အသက် 18 နှစ်ပြည့်တဲ့ မွေးနေ့ 2017 ခုနှစ်မှ ပရိသတ်တွေရှေ့ပြန်လည်ရောက်ရှိခဲ့တာပါ ။ အဆိုပါအချိန်ကနေစပြီး ယခုအချိန်ထိ Arshad ဟာ အောင်မြင်မှုပေါင်းများစွာရရှိနေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လို့လာခဲ့ပါပြီ ။
Zawgyi
လက္ဖက္ရည္အေဖ်ာ္ဆရာကေန ႐ိုးရွင္းလြန္းတဲ့ဓာတ္ပုံတစ္ပုံေၾကာင့္ ဘဝအေျခအေနေျပာင္းသြားခဲ့သူ (႐ုပ္သံ)
2016 ခုႏွစ္က ပါကစၥတန္ႏိုင္ငံမွ Arshad Khan အမည္ရွိတဲ့ လက္ဖက္ရည္အေဖ်ာ္ဆရာဟာ သူစိမ္းတစ္ေယာက္ရဲ႕ကင္မရာကို အခ်ိန္ကိုက္လွမ္းၾကည့္မိရင္ ၊ အဆိုပါဓာတ္ပုံတစ္ပုံေၾကာင့္ နာမည္ေက်ာ္ star တစ္ေယာက္ျဖစ္လာခဲ့ပါတယ္ ။
Arshad ရဲ႕ မိသားစုေတြက လက္ဖက္ရည္ဆိုင္ဖြင့္ခဲ့တာ ႏွစ္ေပါင္း 30 ခန႔္ရွိေနၿပီျဖစ္ၿပီး ၊ professional ဓာတ္ပုံဆရာ Javeria Ali နဲ႔ မေတြ႕ဆုံမီ လအနည္းငယ္အၾကာမွ အဆိုပါလက္ဖက္ရည္ဆိုင္သို႔ Arshad က အလုပ္ဝင္ကူေနခဲ့တာပါ ။ Ali ရဲ႕ကင္မရာကို အခ်ိန္ကိုက္လွမ္းၾကည့္မိခဲ့တဲ့ ငယ္႐ြယ္ေသးတဲ့ Arshad ဟာ အျပာေရာင္မ်က္ဝန္းေလးနဲ႔မို႔ အဆိုပါအခ်ိန္ကစၿပီး online ေပၚမွာ အေတာ္ေလးကို ေရပန္းစားသြားခဲ့တာပါ ။
အဆိုပါဓာတ္ပုံေၾကာင့္ ေၾကာ္ျငာ႐ိုက္ဖို႔ ကမ္းလွမ္းမႈအမ်ားအျပားရရွိခဲ့ၿပီး ၊ ေမာ္ဒယ္တစ္ေယာက္အေနနဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ခဲ့ကာ ၊ TV channel ေတြမွာလည္း Arshad တစ္ေယာက္ 17 ႏွစ္အ႐ြယ္တည္းနဲ႔ ေအာင္ျမင္မႈရယူႏိုင္ခဲ့တာပါ ။ သို႔ေပမဲ့လည္း အေၾကာင္းတစ္စုံတစ္ရာေၾကာင့္ Arshad ဟာ ပရိသတ္ေတြရဲ႕ ေရွ႕ကေန ေပ်ာက္ကြယ္သြားခဲ့ၿပီး သူ႔ရဲ႕ အသက္ 18 ႏွစ္ျပည့္တဲ့ ေမြးေန႔ 2017 ခုႏွစ္မွ ပရိသတ္ေတြေရွ႕ျပန္လည္ေရာက္ရွိခဲ့တာပါ ။ အဆိုပါအခ်ိန္ကေနစၿပီး ယခုအခ်ိန္ထိ Arshad ဟာ ေအာင္ျမင္မႈေပါင္းမ်ားစြာရရွိေနတဲ့ အႏုပညာရွင္တစ္ေယာက္ျဖစ္လို႔လာခဲ့ပါၿပီ ။
Leave a Reply