
မင်္ဂလာဆောင်ပြီးကာစ စုံတွဲတစ်တွဲဟာ လက်ထပ်ပွဲ အခမ်းအနားအပြီး ၂ နာရီအကြာမှာ ပြန်လည် ကွာရှင်းခဲ့ကြပါတယ် ။ အတက်ဆန်းထွင်တာ မဟုတ်သလို ကွာရှင်းလိုက်ကြတဲ့ အကြောင်းအရင်းကလည်း ထူးထူးခြားခြား မဟုတ်ပါဘူး။
ဇနီးသည်က မင်္ဂလာဆောင် အခမ်းအနားက ပုံရိပ်တွေကို Snap Chat မှာ တင်ခဲ့မိလို့ ကွာရှင်းခံလိုက်ရတာပါ။ သူတို့လင်မယားဟာ လက်မထပ်ခင်ကတည်းက မင်္ဂလာပွဲပုံတွေိ့ု အင်တာနက်မှာ မတင်ပါဘူးလို့ သဘောတူညီချက် ထားရှိပြီးသားဖြစ်တာကို သတို့သမီးက ချိုးဖောက်ပြီး မင်္ဂလာပွဲဓါတ်ပုံတွေကို တင်ခဲ့တာပါ။
ဒါကို ခင်ပွန်းသည်က သိသွားပြီး ကွာရှင်းလိုက်တာပါ ။ သူတို့နှစ်ယောက်ဟာ မည်သည့်လူမှုကွန်ယက်မှာမှ မင်္ဂလာပွဲဓါတ်ပုံတွေ မဖြန့်ဝေပါဘူးဆိုတဲ့ သဘောတူစာချုပ်တစ်ခု လက်မထပ်ခင်တည်းက ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။ အခုတော့ သတို့သမီးဟာ သူမရဲ. လုပ်ရပ်အတွက် နောင်တ ရနေတယ်လို့ သိရပါတယ်။
Leave a Reply