
လက်ထပ်ပြီးလျှင် တာဝန်ယူရမည့် ဝတ္တရားများကို ကြောက်လန့်ကာ မင်္ဂလာဆောင်နေစဥ် ထွက်ပြေးသွားသည့် သတိုးသားကြောင့် ဧည့်သည်ထဲမှ သတိုးသားအသစ်ပြန်ရွေးခဲ့ရ
ထူးထူးခြားခြားအဖြစ်အပျက်များဟာ တစ်ခါတစ်လေတွင် စာဖတ်သူတို့ကိုပင် ကြောင်တောင်တောင် ဖြစ်သွားစေနိုင်လောက်ပါတယ်။ယခုတွင်လည်း အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှ မင်္ဂလာပွဲတစ်ခု၏ အဖြစ်အပျက်သည် လူတိုင်းကို အံ့အားသင့်စေခဲ့ရသည်။
အကြောင်းမှာ မင်္ဂလာဆောင်နေစဥ်တွင် သတိုးသားက တာဝန်ယူရမည့် တာဝန်ဝတ္တရားများကို ကြောက်လန့်ကာ ထွက်ပြေးသွားခဲ့သောဿောင့်ဖြစ်ပေသည်။ထို့နောက် သတိုးသား၏ မိဘများနှင့် သတိုးသမီးတို့တိုင်ပင်ကာ မင်္ဂလာပွဲကို ဆတ်လတ်ကျင်းပရန် ဆုံးဖြတ်ခဲ့ကြပါတယ်။
သတိုးသားဟာလည်း ထွက်ပြေးသွားပြီဖြစ်တဲ့အတွက် ဧည့်သည်များထဲမှ သတိုးသားအသစ်ရွေးရန်လည်း သတိုးသားမိဘများက ခွင့်ပြုခဲ့ကြပါတယ်။ထို့ကြောက့် မင်္ဂလာပွဲကိုတော့ သတိုးသားအသစ်ဖြင့် အောင်မြင်စွာနဲ့ ပြန်လည်ကျင်းပနိုင်ခဲ့ကြပါတယ်။
Leave a Reply