
လက်တွေကိုသေသေချာချာလေး စနစ်တကျဆေးကြောပြခဲ့တဲ့ ရက်ကွန်းလေး (ရုပ်သံ)
Indian Forest Services က ဝေမျှထားတဲ့ video တစ်ပုဒ်မှာဆိုရင် ရက်ကွန်းတစ်ကောင်ဟာ သူ့ရဲ့လက်ကို ဂရုတစိုက်ဆေးကြောပြခဲ့ပါတယ် ။ အစပိုင်းမှာ လက်ကိုအရင်ရေနဲ့ဆေးခဲ့ပြီး နောက်မှ ဆပ်ပြာနဲ့ထပ်ဆေးကာ နောက်ဆုံးတစ်ကြိမ်ရေနဲ့တစ်ကြိမ်ထပ်မံဆေးကြောခဲ့ပါတယ် ။ သူ့ရဲ့လက်တွေကို စနစ်တကျဆေးကြောတတ်နေခဲ့လို့ ဝန်ထမ်းတွေတောင် အံ့သြရတဲ့အထိပါပဲ ။ အခုလို ကပ်ရောဂါကာလမှာ ရက်ကွန်းလေးရဲ့ လက်ဆေးကြောတဲ့ video လေးဟာ လူအတော်အများကို သတိပေး ၊ မမေ့လျော့စေမဲ့ ပညာပေး video လိုဖြစ်နေခဲ့ပါတယ် ။’ လူတိုင်းလက်ကို စနစ်တကျဆေးကြောသန့်စင်ရမယ်နော် ‘ ဆိုတဲ့ caption လေးနဲ့ video ကို ဝေမျှထားခဲ့ပါတယ် ။
#2
#3
#Video
Everybody must wash their hands carefully. Second Demo by the Raccoon🦝 . Watch carefully. TikTok video. pic.twitter.com/JJpzfU7YDB
— Parveen Kaswan, IFS (@ParveenKaswan) April 10, 2020
Leave a Reply