လက်နှစ်ဖက်လုံးမရှိပေမဲ့၊မိသားစုတစုလုံးကိုရှာဖွေကျွေးနိုင်ခဲ့တဲ့၊ဖခင်ဝတ္တရားစိတ်အပြည့်အဝရှိတဲ့လေးစားဖွယ်အမျိုးသားတစ်ဦး

ကိုယ့်ကိုယ်ကိုအရမ်းခက်ခဲပင်ပန်းနေလို့စိတ်ဓာတ်ကျနေပီဆိုသူတွေကို၊ယခုဖော်ပြပေးမဲ့အမျိုးသားရဲ့ကြိုးစားပမ်းစားရှာဖွေပီး၊မိသားစုကိုထောက်ပံ့နိုင်တဲ့အရည်ချင်းကိုကြည့်ပီး၊သင်ခန်းစာရစေမဲ့messageလေးတခုလေးကျန်အောင်လို့ဖော်ပြပေးလိုက်ပါတယ်။

အကြောင်းကတော့၊မွေးရာပါလက်နှစ်ဖက်လုံးမရှိတော့တဲ့အမျိုးသားတဦးဟာ၊မိသားစုစားဝတ်နေရေးအတွက်လမ်းဘေးမှာငါးအသားလုံးကြော်ရောင်းပီးရှာကျွေးခဲ့ပါတယ်။

သာမာန်လူတစ်ယောက်အတွက်တောင်၊ယခုလိုငါးအသားလုံးပြုလုပ်ကြော်ဖို့ဆိုတာနည်းနည်းတော့လက်ဝင်ပီးခက်ခဲ့ပေမဲ့၊၎င်းအမျိုးသားအတွက်တော့လက်နှစ်ဖက်လုံးမရှိပေမဲ့၊မိသားစုကိုရှာကျွေးချင်ဇောကြောင့်လုပ်နိုင်တာကိုချီးကျူးမိပါတယ်။

၎င်းအမျိုးသားရဲ့ဇနီးဖြစ်သူကကျန်းမာရေးမကောင်းတဲ့အတွက်ဆေးကုသခံနေရပီး၊ခလေးနှစ်ယောက်ကျောင်းစရိတ်နဲ့ဆေးဖိုးမိသားစုစရိတ်ကို၊တစ်ယောက်တည်းအားနဲ့ပေါင်းရှာနေခဲ့တာပါ။၎င်းအမျိုးသားရဲ့ချီးကျူးလောက်စရာကောင်းတဲ့လုပ်ရပ်ကြောင့်လူတိုင်းကဂရုဏသက်အားပေးခဲ့ကြပါတယ်။

မိန်းမဖြစ်သူအပေါ်တာဝန်ကျေတဲ့ယောက်ျားတစ်ယောက်ရဲ့မေတ္တာ၊ဖခင်တစ်ယောက်မေတ္တာပေးနိုင်တဲ့၊၎င်းအမျိုးသားရဲ့လုပ်ရပ်ကိုတကယ်ပဲလေးစားအံ့သြမိပါတယ်လေ။

Be the first to comment

Leave a Reply

Your email address will not be published.


*