
လကမ္ဘာပေါ် အတူခရီးသွားဖို့ ချစ်သူမိန်းကလေးရှာဖွေနေကြောင်း ကြေညာခဲ့တဲ့ သူဋ္ဌေးကြီး (ရုပ်သံ)
Single ဖြစ်နေတဲ့မိန်းကလေးတွေအတွက်ကတော့ ချမ်းသာလွန်းတဲ့ ဘီလံယံနာသူဋ္ဌေးကို ချစ်သူတော်ခွင့်ရမဲ့ အခွင့်အရေးလို့ ပြောရမှာပါပဲ ။ ဒီတစ်ခေါက်ဖော်ပြမဲ့ အသက် 44 နှစ်အရွယ် Yusaku Maezawa အမည်ရှိတဲ့ ဘီလီယံနာ ဂျပန်သူဋ္ဌေးဟာ သူနဲ့လကမ္ဘာပေါ် အတူခရီးထွက်မဲ့ချစ်သူတစ်ဦးအလိုရှိကြောင်း ကြေညာခဲ့ပါတယ် ။ မကြာသေးခင်ကမှ Maezawa ဟာ သူ့ရဲ့ချစ်သူ အသက် 27 နှစ်အရွယ် သရုပ်ဆောင်မင်းသမီးနဲ့ လမ်းခွဲခဲ့ကြတာပါ ။ ဒါကြောင့် အသက် 20 နှင့်အထက် single မိန်းကလေးမျိုး အလိုရှိကြောင်း ရေးသားခဲ့ပါတယ် ။
Maezawa ဟာ အရင်ချစ်သူမိန်းကလေး 3 ယောက်နဲ့အတူ သားသမီး 3 ယောက်ရှိထားသူပါ ။ လက်ရှိမှာတော့ အထီးကျန်လွန်းလို့ ကောင်မလေးတစ်ယောက်ထဲကိုသာ ဆက်ချစ်သွားလိုတဲ့ ဘဝလက်တွဲဖော်မျိုး အလိုရှိနေသူပါ ။ Maezawa ဟာ အရင်ချိန်တုန်းက ဂီတအဖွဲ့တစ်ခုရဲ့ ဒရမ်းတီးသမားဖြစ်ခဲ့ပြီး ၊ အနုပညာလက်ရာတွေ စုဆောင်းရတာမျိုး စိတ်အားထက်သန်သူဖြစ်ကာ ၊ Zozo ဆိုတဲ့ အဝတ်အစားတွေ လက်လီဖြန့်ချီပေးတဲ့ ကုမ္ပဏီရဲ့ တည်ထောင်သူလည်း ဖြစ်နေပါတယ် ။
အဆိုပါ အစီအစဉ်ကို ‘ Full Moon Lover’ ဆိုပြီး ခေါ်ဆိုကာ လျှောက်လွှာသက်တမ်းတွေက အဆုံးသတ်သွားပါပြီ ။ သို့ပေမဲ့လည်း အာကာသခရီးစဉ်ကိုတော့ 2023 ခုနှစ်မှ သူ့ရဲ့အဖွဲ့သားတွေနဲ့ အတူ စတင်ကြမှာပါ။ ခရီးစဉ်စရိတ်ကလည်း အတော်လေးကို ကုန်ကျမှာဖြစ်ကြောင်း သိရှိရပါတယ် ။
Zawgyi
လကမာၻေပၚ အတူခရီးသြားဖို႔ ခ်စ္သူမိန္းကေလးရွာေဖြေနေၾကာင္း ေၾကညာခဲ့တဲ့ သူေ႒းႀကီး (႐ုပ္သံ)
Single ျဖစ္ေနတဲ့မိန္းကေလးေတြအတြက္ကေတာ့ ခ်မ္းသာလြန္းတဲ့ ဘီလံယံနာသူေ႒းကို ခ်စ္သူေတာ္ခြင့္ရမဲ့ အခြင့္အေရးလို႔ ေျပာရမွာပါပဲ ။ ဒီတစ္ေခါက္ေဖာ္ျပမဲ့ အသက္ 44 ႏွစ္အ႐ြယ္ Yusaku Maezawa အမည္ရွိတဲ့ ဘီလီယံနာ ဂ်ပန္သူေ႒းဟာ သူနဲ႔လကမာၻေပၚ အတူခရီးထြက္မဲ့ခ်စ္သူတစ္ဦးအလိုရွိေၾကာင္း ေၾကညာခဲ့ပါတယ္ ။ မၾကာေသးခင္ကမွ Maezawa ဟာ သူ႔ရဲ႕ခ်စ္သူ အသက္ 27 ႏွစ္အ႐ြယ္ သ႐ုပ္ေဆာင္မင္းသမီးနဲ႔ လမ္းခြဲခဲ့ၾကတာပါ ။ ဒါေၾကာင့္ အသက္ 20 ႏွင့္အထက္ single မိန္းကေလးမ်ိဳး အလိုရွိေၾကာင္း ေရးသားခဲ့ပါတယ္ ။
Maezawa ဟာ အရင္ခ်စ္သူမိန္းကေလး 3 ေယာက္နဲ႔အတူ သားသမီး 3 ေယာက္ရွိထားသူပါ ။ လက္ရွိမွာေတာ့ အထီးက်န္လြန္းလို႔ ေကာင္မေလးတစ္ေယာက္ထဲကိုသာ ဆက္ခ်စ္သြားလိုတဲ့ ဘဝလက္တြဲေဖာ္မ်ိဳး အလိုရွိေနသူပါ ။ Maezawa ဟာ အရင္ခ်ိန္တုန္းက ဂီတအဖြဲ႕တစ္ခုရဲ႕ ဒရမ္းတီးသမားျဖစ္ခဲ့ၿပီး ၊ အႏုပညာလက္ရာေတြ စုေဆာင္းရတာမ်ိဳး စိတ္အားထက္သန္သူျဖစ္ကာ ၊ Zozo ဆိုတဲ့ အဝတ္အစားေတြ လက္လီျဖန႔္ခ်ီေပးတဲ့ ကုမၸဏီရဲ႕ တည္ေထာင္သူလည္း ျဖစ္ေနပါတယ္ ။
အဆိုပါ အစီအစဥ္ကို ‘ Full Moon Lover’ ဆိုၿပီး ေခၚဆိုကာ ေလွ်ာက္လႊာသက္တမ္းေတြက အဆုံးသတ္သြားပါၿပီ ။ သို႔ေပမဲ့လည္း အာကာသခရီးစဥ္ကိုေတာ့ 2023 ခုႏွစ္မွ သူ႔ရဲ႕အဖြဲ႕သားေတြနဲ႔ အတူ စတင္ၾကမွာပါ။ ခရီးစဥ္စရိတ္ကလည္း အေတာ္ေလးကို ကုန္က်မွာျဖစ္ေၾကာင္း သိရွိရပါတယ္ ။
Leave a Reply