ရှေးခေတ် 1961 မော်ဒယ် Volkswagen Beetle မော်တော်ကားကို ခေတ်မီတဲ့ဇိမ်ခံကားအဖြစ် ပြောင်းလဲပြခဲ့တဲ့ အမျိုးသား

၁၉၆၀ ပြည့်လွန်နှစ်များလောက်က Volkswagen Beetles မော်တော်ကားတွေကို လူတွေက ပြန်စဉ်းစားပုံဖော်ကြည့်တဲ့တဲ့အခါ သူတို့ဟာပုံမှန်အားဖြင့် ၎င်းကားတွေကိုအရောင်ဖျော့ဖျော့ကားလေးတွေလို့ဘဲ စဉ်းစားမိလေ့ရှိကြပါတယ်။

ကောင်းပြီ ၊ ဒီဇိုင်နာ နှင့် auto-enthusiast ကိုဝါသနာပါတဲ့ Danni Kordal ဟာ ၎င်း Volkswagen Beetles ကားတစ်စီးအား James Bond နှင့် Batman ရုပ်ရှင်များမှ ကားများနှင့်ဆင်တူတဲ့ အသွင်ပြောင်းတစ်မျိုးအဖြစ် ဖန်တီးပြောင်းလဲပြခဲ့ပါတယ်။ Kordal ဟာ ၁၉၆၁ မော်ဒယ် Volkswagen Beetles ကားတစ်စီးကို အရောင်တောက်တဲ့အနက်ရောင်ကို ခြယ်သခဲ့ပြီး ကားအမိုးကို ဖယ်ရှားကာ breezy convertible အဖြစ် ပြောင်းလဲလိုက်ပါတယ်။

Kordal ဟာ windshield ကို ရိုးရှင်းတဲ့ဒီဇိုင်းဖြင့် ပြုပြင်ခဲ့သလို မော်တော်ကားရဲ့အကွေးအကောက်များကို ဖယ်ရှားပေးခဲ့ပြီး ကားမှန်များကို Edgier torpedo ပုံစံများဖြင့်အစားထိုးစေခဲ့ပါတယ်။ထို့အပြင် VW beetle ကို ရှေ့နှင့်နောက်ကျောမှာ အသေးစိတ် pared-back chrome နှင့်အတူ hotrod ကဲ့သို့ တစ်ဆင့်လျှော့ချခဲဲ့ပါတယ်။

 

ကားအတွင်းပိုင်းအားလုံးကိုလည်း အနက်ရောင်ဖြင့် အဆင့်မြှင့်ထားပြီး ၊ ဇိမ်ခံသားရေထိုင်ခုံများနှင့် မရှိမဖြစ်လိုအပ်သောအပြီးသတ်ထိတွေ့မှုများလည်း ပါဝင်ပါတယ်။၎င်းအဆင့်မြင့်မော်တော်ကားဟာ မြို့ထဲ သို့မဟုတ် မြို့ပြင်ထွက်ပြီး အလည်မောင်းသွားရင်တော့ လူအများရဲ့အာရုံကို ချက်ချင်းဖမ်းစားသွားစေမှာ အမှန်ပါဘဲဗျာ။

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*