ရှိုးပွဲဆိုရင်းပန်းစည်းအစား၊လတ်ဆတ်တဲ့အစားသောက်တွေရခဲ့တဲ့အမျိုးသမီးအဆိုတော်တစ်ဦး

ရှိုးပွဲဆိုရင်းပန်းစည်းအစား၊လတ်ဆတ်တဲ့အစားသောက်တွေရခဲ့တဲ့အမျိုးသမီးအဆိုတော်တစ်ဦး

အဆိုတော်အများစုဟာ၊ရှိုးပွဲတွေမှာပရိတ်သတ်ကပေးတဲ့လက်ဆောင်ပစ္စည်း၊ပန်းစည်း၊အရုပ်၊ပိုက်ဆံစတာတွေပဲပေးကြတာကိုမြင်ဖူးကြမှာပါ။

သို့ပေမဲ့ယခုဖော်ပြပေးမဲ့အဆိုတော်ကတော့၊အစားတလိုင်းဖြစ်ခဲ့ရင်အတော်ကိုတန်တဲ့လက်ဆောင်တွေပဲလို့ထင်မိမှာပါ။ထိုင်းနိုင်ငံက’Palmy’လို့ခေါ်တဲ့အမျိုးသမီးအဆိုတော်တစ်ယောက်ရဲ့၊ရှိုးပွဲကရလာတဲ့လက်ဆတ်တဲ့အစားသောက်တွေ အသီးနှံတွေရရှိခဲ့တဲ့ပုံတွေဟာ၊social mediaမှာပျံ့နှံ့နေခဲ့ပါတယ်။

 

သူမဟာရှိုးပွဲတခုမှာဆိုရင်၊လတ်ဆတ်တဲ့အုန်းသီး၊ဖရဲသီးနဲ့ovenထဲကပူပူနွေးနွေးကင်ထားပေးတဲ့ကြက်သားကင်၊ငှက်ပျောတခိုင်လုံး၊စတာတွေကိုလက်ဆောင်အဖြစ်ရရှိခဲ့ပါတယ်။ထိုင်းနိုင်ငံမှာတော့သစ်သီးဝလံပေါများတဲ့အတွက်ကြောင့်၊ရှေးခေတ်လူကြီးတွေကလတ်ဆတ်တဲ့သစ်သီးတွေ၊အစားသောက်တွေပေးတဲ့ဓလေ့ရှိတယ်လို့သိရပါတယ်

။ထို့ကြောင့်ကျေးလက်ဒေသအများစုမှာ​တေ့ာ၊ယခုလိုပန်းစည်းလက်ဆောင်ပေးမဲ့အစား၊လတ်ဆတ်တဲ့သဘာဝအစားစာတွေပဲပေးတတ်ကြတာလို့ဆိုပါတယ်။တကယ်ကိုပဲချစ်စရာကောင်းတဲ့ဓလေ့တခုလို့မြင်မိပါတယ်လေ။

Be the first to comment

Leave a Reply

Your email address will not be published.


*