ရှားရှားပါးပါးအလွန်‌တောက်ပတဲ့ အဝါရောင်လိပ်ကို ရှာဖွေတွေ့ရှိခဲ့တဲ့ နိုင်ငံ(ရုပ်သံ)

ရှားရှားပါးပါးအလွန်‌တောက်ပတဲ့ အဝါရောင်လိပ်ကို ရှာဖွေတွေ့ရှိခဲ့တဲ့ နိုင်ငံ(ရုပ်သံ)

အဝါရောင်လိပ်ကို အိန္ဒိယနိုင်ငံမှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။၎င်းကို ကွက်ကွက်ကွင်းကွင်း ပြောရမယ်ဆိုရင် ၎င်းလိပ်ဟာ နေရဲ့အရောင်၊ကြက်ဥ အနှစ်၊ ငှက်ပျော်သီး၊ Daffodil တစ်ခုရဲ့ ရွှေရောင် Flapshell လိပ်ဖြစ်ပါတယ်။

ငါးဖမ်းသူတစ်ဦးက ငါးဖမ်းစဥ်အတွင်း ပိုက်ကွန်ထဲမှာ တွေ့ရှိခဲ့တာပါ။နောက်ပြီး အင်တာနက်ပေါ်တင်ပြီးနောက် အာရုံစူးစိုက်မှု များစွာရရှိခဲ့ပါတယ်။အိန္ဒိယ Flapshell လိပ်ဟာ များသောအားဖြင့် အဝါရောင် အစက်များနဲ့ အညိုရောင်များထွက်ပေါ်လာတင်ပေမဲ့လည်း တခါတလေမှာ အဝါရောင် လိပ်လည်းထွက်လာတက်ပါတယ်။

၎င်းလိပ်တွေဟာ တောင်အာဖရိက တစ်လွှား လိပ်အမျိုးအစား‌တွေဖြစ်ပြီး ဒေသအနှံ့အပြားတွေမှာတော့ လိပ်တွေကို အဝါရောင်ပုံစံဖြင့် တွေ့နိုင်ပါတယ်။၎င်းထူးခြားတဲ့အရောင်ဟာ ဖြူရောင်စွဲရောဂါကြောင့် ဖြစ်ရတာလို့ လူတွေက ယုံကြည်ထားကြပါတယ်။အဝါရောင် Flapshell လိပ်တွေဟာ သူတို့ရဲ့ အရောင်ကြောင့် ဖမ်းဆီးရမိဖို့က အလွန်ခဲရင်းပါတယ်။

သူတို့က တောရိုင်းတိရိစ္ဆာန်တစ်ကောင်နဲ့တူတာကြောင့် ဖြစ်ပါတယ်။လိပ်တွေ အဝါရောင် ဖြစ်ခြင်းဟာ အဆန်းမဟုတ်ပါဘူး။၎င်းတို့ရဲ့အရောင်ကြောင့် ကြာရှည်စွာမနေနိုင်ဘဲ သေဆုံးသွားတာကြောင့် ရှားပါးနေရတာဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*