ရှားပါးသောမျိုးရိုးဗီဇကြောင့် မျက်လုံးတစ်ဖက်စီမှာ အပြာရောင်နှင့် အဝါရောင်ဖြစ်နေသော ချစ်စဖွယ် ကြောင်ကလေး
ရှားပါးသောမျိုးရိုးဗီဇကြောင့် မျက်လုံးတစ်ဖက်စီမှာ အပြာရောင်နှင့် အဝါရောင်ဖြစ်နေသော ချစ်စဖွယ် ကြောင်ကလေး
လောကကြီးတွင် ထူးဆန်းသောအရာများနှင့် ပြည့်နှက်လျက်ရှိကာ မျိုးရိုးဗီဇ ချို့ယွင်းချက် အခြေအနေကြောင့် အများနှင့်မတူပဲ ဖြစ်ပေါ်လာသော အရာများမှာ အလွန်ထူးခြားလျက်ရှိသည်။
ယခုအခါတွင်လည်း စကော့တလန်နိုင်ငံရှိ မိသားစုတစ်စုဧ။် အိမ်မွေးတိရစ္ဆာန်ဖြစ်သော ကြောင်လေးတစ်ကောင်သည် ထူးခြားသော အသွင်အပြင်ကြောင့် လူတို့ဧ။် စိတ်ဝင်စား အာရုံစိုက်ခြင်းကို ခံနေရသည်။
သခင်ဖြစ်သူမှ ကြောင်လေးကို ဂျိုးဇက်ဟု အမည်ပေးထားပြီး သူဧ။် မျက်လုံးနှစ်ဖက်မှာ မတူညီသော အရောင်ရှိပြီး ကြည်လင်တောက်ပသော အပြာရောင်လေးနှင့် အဝါရောင်လေး ဖြစ်နေကာ ကိုယ်ထည်တစ်ခုလုံးကလည်း အဖြူရောင်လေးဖြစ်နေ၍ အမြင်တစ်မျိုးလေးနှင့် အလွန်ချစ်စရာကောင်းနေပါသည်။
သို့သော်လည်း သခင်ဖြစ်သူသည် ထိုကြောင်လေးအား မျက်လုံးမတူညီမှုကြောင့် စွန့်ပစ်ရန် စီစဉ်ခဲ့ရာPetrov အမည်ရှိသော သဘောကောင်းသည့် ပိုင်ရှင်သစ်နှင့် တွေ့ရှိပြီး တဖန်မွေးစားခြင်း ခံလိုက်ရသည်။
ပိုင်ရှင်သစ်သည် သူဧ။် ကြောင်လေးမှာ ရှားပါးသော မျိုးရိုးဗီဇကြောင့် ထူးခြားလေးဖြစ်နေသော်လည်း လူတွေနှင့် လိုက်လျောညီထွေစွာ နေထိုင်တတ်ပြီး ချစ်စရာကောင်းသော အပြုအမူလေးများလည်း လုပ်တတ်သေးသည်ဟု လိုင်းပေါ်တွင် မျှဝေခဲ့သည်။
Zawgyi
Be the first to comment
Leave a Reply
Your email address will not be published.
*