
ရှားပါးရောဂါကြောင့် Wheelchair နဲ့ သုံးနေရတဲ့ ဖခင်ဖြစ်သူကို ဂရုစိုက်ကူညီပေးနေတဲ့ ၄ နှစ်အရွယ်သမီးငယ်လေး
၄၆ နှစ်အရွယ် Richard Willis လို့မည်တဲ့ အမျိုးသားဟာ ပြင်းထန်တဲ့အရိုးစွဲရောဂါခံစားနေရပြီး ၄ ပေထက်မပိုတဲ့အရပ်နဲ့ သူရဲ့အဆစ်များယို ယွင်းပျက်စီးစေခဲ့တာပါ။ အဆစ်အမြစ်ရောင်ရမ်းခြင်းနဲ့ ကျောရိုးဘေးတိုက်ရောဂါများခံစားနေရတဲ့ Richard ဟာ လှည့်ပတ်သွားလာရန် Wheelchair နဲ့ အသုံးပြုနေရပါတယ်။
လူအများစုအတွက် နေ့စဉ်ရိုးရှင်းတဲ့အလုပ်တစ်ခုလို့ ထင်ရတဲ့အရာက သူ့အတွက် ခက်ခဲလေ့ရှိပါတယ်။ သို့သော်လည်း သူ့မှာ ယုံကြည်စိတ်ချရတဲ့ ၄နှစ်အရွယ်သမီးငယ် Cheery ရဲ့ကျေးဇူးကြောင့် သူ့ဘဝကို ပိုမိုလွယ်ကူစေခဲ့ပါတယ်။ရှားရှားပါးပါးအခြေအနေနဲ့ မမွေးဖွားတဲ့ Cheery ဟာ ဖခင်ဖြစ်သူကို ဖိနပ်ကြိုးချည်ပေးတာတို့ ပန်းကန်ဆေးကြောပေးတာတို့ကို လုပ်ဆောင်ပေးနေပါတယ်။ Cheery ကို မွေးဖွားချိန်တုန်းက Richard ဟာ ကောင်းမွန်စွာလမ်းလျှောက်နိုင်ခြင်း မရှိသေးပါဘူး။
ထိုအချိန်က သူဟာ ခြေထောက်နဲ့ ညာဘက်ပခုံးကို ခွဲစိတ်မှုပြုလုပ်ခဲ့တာပါ ။ ခက်ခဲတဲ့ အခြေအနေများမှ Cheery ဟာ အထူးသဖြင့် သူမရဲ့ဖခင်ကိုမျှော်လင့်ချက် အသစ်ပေးခဲ့ပါတယ်။ Richard က “ကျွန်တော့်မှာ ခက်ခဲတဲ့အချိန်တွေရှိခဲ့ပေမဲ့လည်း သမီးလေးမွေးဖွားလာတာကိုက ကံကောင်းလေခြင်းပါဘဲ။ ငါ့သမီး တွားသွားတတ်ဖို့ သင်ယူနေချိန်မှာ ငါကလည်းလမ်းပြန်လျှောက်ဖို့ လိုက်ပြီး သင်ယူခဲ့တယ်။ ဒါဟာ ထူးခြားတဲ့နှောင်ကြိုးပါပဲ ” လို့ ဆိုခဲ့ပါတယ်။
တခါတလေမှာ Cheery က စက်ဘီးစီးပြီး Richard ကလည်း သူ့ရဲ့ Wherlchair နဲ့ အပြင်ကိုအတူတူထွက်လည်တာတို့ ပြုလုပ်ပါသေးတယ်။ Richard က ဒီလိုလိမ္မာတဲ့ သမီးလေးပိုင်ဆိုင်ရလို့ သူအတော်လေး ဝမ်းသားနေမယ်ထင်ပါတယ်။
Zawgyi
ရွားပါးေရာဂါေၾကာင့္ Wheelchair နဲ႔ သုံးေနရတဲ့ ဖခင္ျဖစ္သူကို ဂ႐ုစိုက္ကူညီေပးေနတဲ့ ၄ ႏွစ္အ႐ြယ္သမီးငယ္ေလး
၄၆ ႏွစ္အ႐ြယ္ Richard Willis လို႔မည္တဲ့ အမ်ိဳးသားဟာ ျပင္းထန္တဲ့အ႐ိုးစြဲေရာဂါခံစားေနရၿပီး ၄ ေပထက္မပိုတဲ့အရပ္နဲ႔ သူရဲ႕အဆစ္မ်ားယို ယြင္းပ်က္စီးေစခဲ့တာပါ။ အဆစ္အျမစ္ေရာင္ရမ္းျခင္းနဲ႔ ေက်ာ႐ိုးေဘးတိုက္ေရာဂါမ်ားခံစားေနရတဲ့ Richard ဟာ လွည့္ပတ္သြားလာရန္ Wheelchair နဲ႔ အသုံးျပဳေနရပါတယ္။
လူအမ်ားစုအတြက္ ေန႔စဥ္႐ိုးရွင္းတဲ့အလုပ္တစ္ခုလို႔ ထင္ရတဲ့အရာက သူ႔အတြက္ ခက္ခဲေလ့ရွိပါတယ္။ သို႔ေသာ္လည္း သူ႔မွာ ယုံၾကည္စိတ္ခ်ရတဲ့ ၄ႏွစ္အ႐ြယ္သမီးငယ္ Cheery ရဲ႕ေက်းဇူးေၾကာင့္ သူ႔ဘဝကို ပိုမိုလြယ္ကူေစခဲ့ပါတယ္။ရွားရွားပါးပါးအေျခအေနနဲ႔ မေမြးဖြားတဲ့ Cheery ဟာ ဖခင္ျဖစ္သူကို ဖိနပ္ႀကိဳးခ်ည္ေပးတာတို႔ ပန္းကန္ေဆးေၾကာေပးတာတို႔ကို လုပ္ေဆာင္ေပးေနပါတယ္။ Cheery ကို ေမြးဖြားခ်ိန္တုန္းက Richard ဟာ ေကာင္းမြန္စြာလမ္းေလွ်ာက္ႏိုင္ျခင္း မရွိေသးပါဘူး။
ထိုအခ်ိန္က သူဟာ ေျခေထာက္နဲ႔ ညာဘက္ပခုံးကို ခြဲစိတ္မႈျပဳလုပ္ခဲ့တာပါ ။ ခက္ခဲတဲ့ အေျခအေနမ်ားမွ Cheery ဟာ အထူးသျဖင့္ သူမရဲ႕ဖခင္ကိုေမွ်ာ္လင့္ခ်က္ အသစ္ေပးခဲ့ပါတယ္။ Richard က “ကြၽန္ေတာ့္မွာ ခက္ခဲတဲ့အခ်ိန္ေတြရွိခဲ့ေပမဲ့လည္း သမီးေလးေမြးဖြားလာတာကိုက ကံေကာင္းေလျခင္းပါဘဲ။ ငါ့သမီး တြားသြားတတ္ဖို႔ သင္ယူေနခ်ိန္မွာ ငါကလည္းလမ္းျပန္ေလွ်ာက္ဖို႔ လိုက္ၿပီး သင္ယူခဲ့တယ္။ ဒါဟာ ထူးျခားတဲ့ေႏွာင္ႀကိဳးပါပဲ ” လို႔ ဆိုခဲ့ပါတယ္။
တခါတေလမွာ Cheery က စက္ဘီးစီးၿပီး Richard ကလည္း သူ႔ရဲ႕ Wherlchair နဲ႔ အျပင္ကိုအတူတူထြက္လည္တာတို႔ ျပဳလုပ္ပါေသးတယ္။ Richard က ဒီလိုလိမၼာတဲ့ သမီးေလးပိုင္ဆိုင္ရလို႔ သူအေတာ္ေလး ဝမ္းသားေနမယ္ထင္ပါတယ္။
Leave a Reply