
ယနေ့ခေတ်အင်တာနက်ဟာ လှပတဲ့မိန်းကလေးတွေနဲ့ပြည့်နေတတ်ပါတယ်။ဒါပေမဲ့ ကျွန်တော်တို့ရဲ့အသက်ရှုသံရပ်တန့်သွားရလောက်တဲ့အလှတရားနဲ့ပြည့်စုံနေတဲ့မိန်ကလေးတွေကိုတော့ နေ့တိုင်းမမြင်တွေ့ရတတ်ပါဘူး။အသက် ၁၁နှစ်အရွယ် Amina Ependieva အမည်ရှိတဲ့ဒီမိန်းကလေးမှာတော့ ထူးခြားတဲ့အလှတရားရှိနေပါတယ်။
ပြီးခဲ့တဲ့ ၅လအတွင်း ရုရှား social media ရဲ့အာရုံစိုက်မှုများစွာကို ရရှိခဲ့ပေမဲ့ Aminaဟာ အလွန်လျှို့ဝှက်စွာနေထိုင်တတ်တဲ့သူတစ်ယောက်ပါ။သူမကို ဓာတ်ပုံဆရာ Amina Arsakova ကရှာဖွေတွေ့ရှိခဲ့ပြီး သူမရဲ့ဓာတ်ပုံတွေဟာ like ပေါင်းများစွာရရှိခဲ့သလို မှတ်ချက်ပေါင်းများစွာလည်းရရှိခဲ့ပါတယ်။
လူအချို့က သူမရဲ့လှပတဲ့အလှတရားကို ချီးမွမ်းကြပြီး တစ်ချို့ကလည်း သူမလူအစစ်ဟုတ်မဟုတ်ကို မေးခွန်းထုတ်နေခဲ့ကြပါတယ်။
“ကျွန်မရဲ့အလှအပကိုရှာဖွေခြင်းက တစ်ဖန်အောင်မြင်ခဲ့တယ်”လို့ Aminaက သူမဓာတ်ပုံတွေကို မျှဝေရင်း ဆိုခဲ့ပါတယ်။ရုရှားနိုင်ငံ Chechnyaပြည်နယ် Kurchaloyမြို့ငယ်လေးမှာနေထိုင်တဲ့ သူမဟာ albinism ဆိုတဲ့ အရောင်မရှိခြင်း၊ဆံပင်နဲ့ အရေပြားဖြူလာစေတဲ့ ဖြူရောစွဲရောဂါနဲ့ heterochromia ဆိုတဲ့ အရောင်နဲ့အာရုံကြောအားနည်းမှုတို့ကို ခံစားနေရတာပါ။
ဒါပေမဲ့ အဲ့ဒီရောဂါက သူမရဲ့အလှတရားကို ရင်သပ်ရှုမောစေခဲ့ပါတယ်။အဆိုပါရောဂါနှစ်မျိုးဟာ လူအနည်းစုလောက်ဘဲ ဖြစ်ပွါးတတ်ပါတယ်။ဓာတ်ပုံဆရာ Amina Arsakova က သူမရဲ့ဓာတ်ပုံတွေကို ပြီးခဲ့တဲ့လမှာဘဲ တစ်ဖန်ပြန်လည်ထုတ်ဝေခဲ့ပြီးနောက် ရုရှား social media မှာ ချက်ချင်းပျံ့နှံ့သွားခဲ့ပါတယ်။
လူအချို့က သူမအလှတရားကို သဘောကျချီးကျူးခဲ့ကြပေမဲ့ တစ်ချို့က သူမရဲ့ပုံတွေကို Photoshop နဲ့ဖြတ်ညှပ်ကပ်လုပ်ထားတယ်လို့လည်း စွပ်စွဲနေခဲ့ကြပါတယ်။ဟုတ်ပါတယ် Aminaဟာ သူမရဲ့ကိုယ်ပိုင်accပရိုဖိုင်မရှိသေးတာကြောင့် သူမရဲ့ရင်သပ်ရှုမောစရာကောင်းတဲ့အလှတရားကအစစ်အမှန်ဟုတ်မဟုတ်ကို စစ်ဆေးဖို့ခက်ခဲနေခဲ့ကြပါတယ်။
ဒါပေမဲ့ အင်တာနက်အသုံးပြုသူအချို့က သူမဟာ Kurchaloyမြို့ကဖြစ်ပြီး သူမဟာ တကယ့်လက်တွေ့ဘဝမှာ အစစ်အမှန်နေထိုင်နေသူဖြစ်ကြောင်း မှတ်ချက်ပေးထားကြတာလည်း ရှိနေပါတယ်။
တကယ်ဘဲ အခုလို ရင်သပ်ရှုမောစရာကောင်းနေခဲ့မယ်ဆိုရင်တော့ Amina Ependieva လေး ကြီးပြင်းလာနဲ့အမျှ သူမရဲ့ဓာတ်ပုံတွေကို အမြဲမြင်တွေ့နေရလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
Leave a Reply