ရှားပါးပြီး ဒေါ်လာ ၃၄၀,၀၀၀ တန်ဖိုးရှိလိမ္မော်ရောင်ပုလဲကို ရှာဖွေတွေ့ရှိခဲ့တဲ့ တံငါသည်တစ်ဦး

ရှားပါးပြီး ဒေါ်လာ ၃၄၀,၀၀၀ တန်ဖိုးရှိလိမ္မော်ရောင်ပုလဲကို ရှာဖွေတွေ့ရှိခဲ့တဲ့ တံငါသည်တစ်ဦး

Hatchai Niyomdecha အမည်ရှိအမျိုးသားနှင့် သူ့ရဲ့မိသားစုအတွက် ထိုင်းနိုင်ငံရှိ Nakhon Si Thammarat ကမ်းခြေတစ်လျှောက် ကမာခွံများလိုက်ကောက်ခြင်းအလုပ်ဟာ အခြားသာမန်နေ့တစ်နေ့လိုဘဲ ဖြစ်နေပါတယ်။သို့ပေမဲ့ Hatchai အတွက် အလွန်အံ့အားသင့်သွားစရာဖြစ်သွားခဲ့ရပြီး နောက်ဆုံးမှာ သူ့ဘဝရဲ့အကြီးမားဆုံးပြောင်းလဲမှုအဖြစ် ရှာဖွေတွေ့ရှိမှုတစ်ခုကို တွေ့ရှိသွားခဲ့ရပါတယ်။

အစီရင်ခံစာများအရ အသက် ၃၇ နှစ်အရွယ်တံငါသည်တစ်ဦးဟာ လွန်ခဲ့တဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့က လိမ္မော်ရောင်ပုလဲကို ရှားပါးစွာ ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရှိရပါတယ်။ Hatchai ဟာ သူ မမျှော်လင့်ထားတဲ့ရှာဖွေတွေ့ရှိမှုကြီးမတိုင်မီ ရက်အနည်းငယ်အလိုမှာ ၎င်းအရာနှင့် ပတ်သက်ပြီး ထူးဆန်းတဲ့အိပ်မက်မက်ခဲ့ပါသေးတယ်။

Hatchai က “ အဖြူရောင်နှုတ်ခမ်းမွှေးရှည်ရှည်နဲ့လူအိုတစ်ယောက်က ငါ လက်ဆောင်ရဖို့ ကမ်းခြေကိုလာခဲ့လို့ ပြောနေခဲ့တယ် ၊ ငါ့အထင် သူကငါ့ကို ဒီပုလဲကို ရှာခိုင်းခဲ့ပုံဘဲ ” လို့ဆိုပြီး သူ့ရဲ့အိမ်မက်အကြောင်းကို ပြောပြခဲ့ပါတယ်။ထို့နောက် Hatchai ဟာ သူ့ရဲ့ရှာဖွေတွေ့ရှိမှုမှ ငွေရှာလိုပြီး “ ပုလဲကို အမြင့်ဆုံးဈေးနဲ့ရောင်းချင်တယ် ၊ ဒီပိုက်ဆံက ငါ့ဘဝကိုဘဲ ပြောင်းလဲစေမှာမဟုတ်ဘဲ ငါ့ရဲ့ကံကြမ္မာကိုလည်း ပြောင်းလဲစေလိမ့်မယ် ၊ ငါ့မိသားစုတစ်စုလုံးလည်း ပိုကောင်းတဲ့ဘဝတွေရရှိမှာပါ ” လို့ ဆိုခဲ့ပါတယ်။

ချမ်းသာကြွယ်ဝတဲ့စီးပွါးရေးသမားတစ်ဦးက Hatchai တို့မိသားစုနှင့်ဆက်သွယ်ခဲ့ပြီး ပုလဲအတွက် ဘတ် ၁ သန်း (ဒေါ်လာ ၃၃,၀၀၀) ကမ်းလှမ်းခဲ့ပေမဲ့ ငြင်းပယ်ခံခဲ့ရပါတယ်။ထို့နောက် စုဆောင်းသူတစ်ဦးက ဘတ် ၅ သန်း (ဒေါ်လာ ၁၆၇,၀၀၀) ဖြင့် ဝယ်လိုခဲ့သော်လည်း Hatchai က ထပ်မံငြင်းဆိုခဲ့ပြန်ပါတယ်။

ထို့အပြင် အဆိုပါတို့မိသားစုဟာ ရှားပါးပုလဲအား ပိုမိုကောင်းမွန်တဲ့ဈေးနှုန်းဖြင့် ရောင်းချနိုင်သေးကြောင်း အခိုင်အမာယုံကြည်နေခဲ့ကြပါတယ်။လက်ရှိမှာ တရုတ်နိုင်ငံမှ ဝယ်လိုသူတစ်ဦးဟာ မိသားစုနှင့်ဆွေးနွေးညှိနှိုင်းနေပြီး အဖိုးတန်ပုလဲကို ဘတ် ၁၀ သန်း(ဒေါ်လာ ၃၄၀,၀၀၀)ဖြင့် ဝယ်ယူရန် လုပ်ဆောင်နေပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*