ရှားပါးတဲ့အရေပြားအခြေအနေကို ခံစားနေရတာကြောင့် အသက် ၈၀ အဘိုးအို ဆိုပြီး အထင်ခံရတဲ့ ၁၈ နှစ်အရွယ်ကျောင်းသား (ရုပ်သံ)

ရှားပါးတဲ့အရေပြားအခြေအနေကို ခံစားနေရတာကြောင့် အသက် ၈၀ အဘိုးအို ဆိုပြီး အထင်ခံရတဲ့ ၁၈ နှစ်အရွယ်ကျောင်းသား (ရုပ်သံ)

အသက် ၁၈ နှစ်အရွယ် Xiao Cui လို့ခေါ်တဲ့ ကျောင်းသားတစ်ဦးဟာ တရုတ်နိုင်ငံ၊ Harbin ပြည်နယ်ရှိ အထက်တန်းကျောင်းမှာ တက်နေခဲ့ပါတယ်။ သို့ပေမဲ့လည်း သူ့ကိုရုပ်ရည်ကို ကြည့်ခြင်းအားဖြင့် သူဟာ လူငယ်တစ်ယောက်ထက် ပင်စင်ယူပြီးတဲ့လူကြီးအရွယ် နဲ့ တူနေပါတယ်။ ဒါပေမယ့် သူက သူ့မျက်နှာကြွက်သားများ နဲ့ အရေပြား တုန်ခါမှုဖြစ်စေတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့အခြေအနေကြောင့် ဖြစ်ပါတယ်။

သူ့ရဲ့ အတန်းဖော်တွေ၊ ဆရာဝန်တွေက သူ့ရဲ့အခြေအနေကို နားမလည်နိုင်သေးတာကြောင့် ၎င်းရဲ့ အကျိုးသက်ရောက်မှုများကို ဖယ်ရှားရန်နည်းလမ်းတစ်ခုကို ရှာဖွေနေတာ မတွေ့သေးပါဘူး။ ဒါ့ကြောင့် Xiao က သူရဲ့အခြေအနေကို လက်ခံရန် ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ သူ့မိသားစု နဲ့ သူငယ်ချင်းတွေရဲ့ပံ့ပိုးမှုကြောင့် သူကပိုပြီးလက်ခံနိုင်ခဲ့ပါတယ်။ Xiao Cui က သူ့ ရဲ့ရုပ်ဆင်းသွင်ပြင်ကို လုံးလုံး လျားလျား ပြောင်းလဲပစ်ခြင်းမရှိပါဘူး။

သူဟာ အထက်တန်းကျောင်းမှာ အတော်ဆုံးကျောင်းသားတစ်ဦးဖြစ်ပြီး၊ သူရဲ့လုပ် ဖော်ကိုင်ဖက် အချို့က သူ့ကို “ Superman” ဆိုပြီး ခေါ်ကြပါတယ်။ သူဟာ နယ်ပယ်အမျိုးမျိုးတွေမှာ ထူးကဲတဲ့စွမ်းရည်ကြောင့် ဆရာ/မများက သူ့ကိုအလွန်အမင်းချီးကျူး ပြောဆိုကြပြီး အခက် အခဲတွေ ကြုံတွေ့ရ ပေမဲ့လည်း သူဟာ ထိပ်တန်းတရုတ်တက္ကသိုလ်မှာ ဆက်လက်ပညာသင်ကြားပြီး သူချမှတ်ထားတဲ့ ဘယ်ရည်မှန်းချက်ကို မဆို အောင်မြင်လိမ့်မယ်လို့ ဆရာတွေက ယုံကြည်ထားကြပါတယ်။

တစ်ခါတစ်ရံမှာ လူတွေက သူ့ရဲ့အသွင်အပြင်ကို လှောင်ပြောင်ကြပြီး ၎င်းဟာ သူ့ကို ဝမ်းနည်းစေကြောင်း ဝန်ခံခဲ့ပါတယ်။ သို့ပေမဲ့ သူ့ရဲ့ အခြေအနေကို ကျော်လွှားနိုင်ရန်တစ်ခုတည်းသော နည်းလမ်းမှာ သူ့ကိုယ်သူ အားတင်းထားရမာ ဖြစ်ပါတယ်။ “ငါဟာ ငါ့အသွင်အပြင်အားဖြင့် နှောင့်အယှက်ခံခဲ့ရပေမယ့် ငါအမြဲတမ်း ကောင်းမွန်တဲ့ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေတာဘဲ” လို့ Xiao Cui က ဆိုခဲ့ပါတယ်။

Xiao ဟာ လက်ရှိမှာ စာမေးပွဲများအောင်မြင်ရန် ကြိုးစားနေပြီး တရုတ်နိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ် ဖြစ်တဲ့ Beijing ရှိ Tsinghua တက္ကသိုလ်မှာ ဝင်ခွင့်ရနိုင်ရန် ကြိုးစားနေပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*