
နောက်ထပ်မယုံနိုင်စရာကောင်းတဲ့စီမံကိန်းတစ်ခုမှာ ရုရှားနိုင်ငံ Chelyabinskမြို့ရှိနေထိုင်သူ အသက်၅၂နှစ်အရွယ် Hamidullah Ilchibaevအမည်ရှိတဲ့အမျိုးသားတစ်ဦးဟာ ဗိသုကာနယ်ပယ်ကို ကျော်လွှားပြီး သူ့ကိုယ်ပိုင်အတွေးနဲ့ “Palace Oz”လို့ခေါ်တဲ့ပုလင်းအိမ်လေးကို ဆောက်လုပ်ကာ လူအများရဲ့အာရုံကိုဖမ်းစားစေခဲ့ပါတယ်။
llchibaevဟာ ဘီယာ၊ဗော့ဒ်ပုလင်းတွေကို အသုံးပြုပြီး ပစ္စည်းအသစ်တစ်ခုပြုလုပ်ဖို့ အရမ်းစိတ်ဝင်စားနေခဲ့တာပါ။ဒါပေမဲ့ သူ့စီမံကိန်းကို နောက်တစ်ဆင့်တက်ဖို့ လုပ်နေချိန်မှာတော့ အသက်၁၈နှစ်အရွယ်သာရှိသေးတဲ့သားဖြစ်သူ ရုတ်တရက်သေဆုံးသွားခဲ့ရပြီး သားဖြစ်သူကိုအဆုံးရှုံးခံခဲ့ရပါတယ်။
အဲ့လိုနဲ့ သူ့ကိုယ်ပိုင်အိမ်အား ပုလင်းတွေနဲ့တည်ဆောက်ချင်ခဲ့တဲ့ရှည်လျားတဲ့သူ့အိမ်မက်ကို အကောင်အထည်စဖော်ခဲ့ပါတယ်။လုံးဝနီးပါး ရှမ်ပိန်ပုလင်းပေါင်း၁၂,၀၀၀ကျော်နဲ့တည်ဆောက်ထားပြီး ပြန်လည်ပြုပြင်ထားတဲ့ ၉၉စတုရန်းမီတာအကျယ်ရှိတဲ့အိမ်ဟာ အခုအချိန်မှာတော့
ဒေသအတွင်းရဲ့နောက်ဆုံးနေရာအဖြစ် ခရီးသွားတွေကိုဆွဲဆောင်တဲ့နေရာတစ်ခုဖြစ်လာခဲ့ပါတယ်။အိမ်ရဲ့ရှမ်ပိန်ပုလင်းအလွတ်တွေဟာ အနီးအနားစားသောက်ဆိုင်တွေမှာ ဝယ်ယူခဲ့ရသလို လှူဒါန်းပေးထားတဲ့ပုလင်းတွေလည်း ပါဝင်ခဲ့ပြီး အဆိုပါအိမ်ကို သုံးနှစ်နီးပါးအချိန်ယူဆောက်လုပ်ခဲ့ရပါတယ်။
“ကျွန်တော် စဆောက်တုန်းက ရှမ်ပိမ်ပုလင်းတွေအများကြီးတာတောင်မှ ဒီလိုအထိဖြစ်လာမယ်ဆိုတာကို မတွေးမိခဲ့ဘူး”လို့ llchibaevက ဆိုထားပါတယ်။သာမန်အိမ်ထက် ၅ဆပိုဈေးသက်သာနေတဲ့အိမ်လေးက ဒေသတွင်းရဲ့အထင်ကရတစ်ခုဖြစ်လာခဲ့ပါတယ်။
အခုအချိန်မှာတော့ အဆိုပါအံ့ဩစရာကောင်းတဲ့ပုလင်းအိမ်လေးဟာ သူ့သားအငယ်တစ်ယောက်အတွက် မင်္ဂလာလက်ဖွဲ့ပစ္စည်းအဖြစ် တည်ရှိနေပါတယ်။အဲ့ဒီအိမ်လေးက အမျိုးသားတွေအကြိုက် ချီးယားလုပ်နိုင်မယ့်အိမ်ကောင်းတစ်အိမ်လေးလည်း ဖြစ်ကောင်းဖြစ်နေမှာပါ။
Leave a Reply