ရွှံ့နဲ့ရေကန်များမှ ထွက်ရှိတဲ့ မီသိန်းတွေကို လောင်စာအဖြစ်သုံးနိုင်တဲ့ ဆိုင်ကယ်ကို တီထွင်ခဲ့တဲ့ အင်ဂျင်နီယာကျောင်းသားတစ်ဦး (ရုပ်သံ)

ရွှံ့နဲ့ရေကန်များမှ ထွက်ရှိတဲ့ မီသိန်းတွေကို လောင်စာအဖြစ်သုံးနိုင်တဲ့ ဆိုင်ကယ်ကို တီထွင်ခဲ့တဲ့ အင်ဂျင်နီယာကျောင်းသားတစ်ဦး (ရုပ်သံ)

နယ်သာလန်မှ အင်ဂျင်နီယာကျောင်းသား Gijs Schalkx ဟာ လမ်းဘေးရွှံ့တွေနဲ့ ရေကန်များမှထွက်ရှိတဲ့ မီသိန်းတွေနဲ့ မောင်းနှင်နိုင်တဲ့ Sloot Motor ကို တီထွင်ခဲ့ပါတယ် ။ Glys Schalkx ရဲ့ ယာဉ်ဟာ Honda GX160 မော်တော်ဆိုင်ကယ်အင်ဂျင်ရဲ့ လေဝင်ပေါက်ကို အပေါက်ဖောက်ပြီး မီသိန်းနဲ့ ပြည့်နှက်နေတဲ့ ဘူးကို အပေါက်ထဲသို့ ချိတ်ထားကာ ၎င်းမီသိန်းက လောင်စာဆီတိုင်ကီအဖြစ် ဆောင်ရွက်ပေးတာပါ ။

ဆိုင်ကယ်စက် နိုးခါစမှာ အင်ဂျင်က ဓာတ်ဆီနဲ့စဖွင့်ရပေမယ့် စဖွင့်လိုက်တာနဲ့ဆက်သွားဖို့က မီသိန်းကိုသုံးပါတယ် ။ ဒါပေမဲ့ Gijs က ၈ နာရီခန့်ကြာအောင် လမ်းဘေးရွှံ့များနဲ့ ရေကန်ငယ်များမှ ထွက်ရှိတဲ့ မီသိန်းတွေကို ကိုယ်တိုင်ထုတ်ယူခဲ့ရပါတယ် ။ မီသိန်းက အမြန်နှုန်း တစ်နာရီကို ၂၇ မိုင်နဲ့ အနည်းဆုံးက ၁၂ မိုင် ရောက်ရှိနိုင်ပါတယ် ။ရွှံ့နွံများစုဆောင်းထားတဲ့ မီသိန်းက ကမ္ဘာ့နေရာအတော်များများမှာ ရှာဖို့ ခက်တဲ့လောင်စာဖြစ်သော်လည်း Schalkx ထောက်ပြတာက “ နယ်သာလန်ရှိ ဘယ်နေရာတွင်မဆို လောင်စာဆီအဖြစ် သုံးမယ့်ရေကန် သို့မဟုတ် မြောင်းငယ်ကို ရှာဖွေရ လွယ်ကူတယ် ” လို့ဆိုပါတယ် ။

နောက်ပြီး Sloot Motor က ကီလိုမီတာ ၂၀ စီးနင်းနိုင်ရန် လုံလောက်တဲ့ ရွှံ့မီသိန်းဓာတ်ငွေ့ကို စုဆောင်းဖို့ ရှစ်နာရီ ကြာသော်လည်း ကြိုးစားအားထုတ်မှုက သင့်ဘဝအတွက် အကောင်းဆုံးကီလိုမီတာ ၂၀ ဟာ အဖိုးမဖြတ်နိုင်ဘူးဆိုတာ သေချာပါတယ် ။ Gijs Schalkx က ၎င်းလိုမျိုးတီထွင်မှုပြုလုပ်ခြင်းဟာ လူများစွာကို နည်းပညာများနဲ့ သူတို့ရဲ့ဆက်ဆံရေးကို ပြန်လည်သုံးသပ်စေလိမ့်မယ်လို့ မျှော်လင့်ပါတယ် ။

Zawgyi





Be the first to comment

Leave a Reply

Your email address will not be published.


*