ရွှံ့တွေနဲ့ပေတူးနေတဲ့ ခွေးလေးတစ်ကောင်ကို အိမ်ခေါ်လာခဲ့ပြီးနောက်မှ ၎င်းက Golden Retriever ခွေးအမျိုးအစားဖြစ်နေမှန်း အံ့အားသင့်စွာ သိခဲ့ရတဲ့ အမျိုးသား

ရွှံ့တွေနဲ့ပေတူးနေတဲ့ ခွေးလေးတစ်ကောင်ကို အိမ်ခေါ်လာခဲ့ပြီးနောက်မှ ၎င်းက Golden Retriever ခွေးအမျိုးအစားဖြစ်နေမှန်း အံ့အားသင့်စွာ သိခဲ့ရတဲ့ အမျိုးသား

ဆောက်လုပ်ရေးလုပ်ငန်းခွင်နေရာတစ်ခုရှိ လမ်းမအလယ်မှာ ရွှံ့များဖုံးလွှမ်းနေတဲ့ ခွေးပေါက်လေးတစ်ကောင် ထိုင်နေတာကို မြေတူးတဲ့ giant ကား ယာဉ်မောင်းနှင်သူ က တွေ့မြင်ခဲ့ပါတယ်။ထိုခွေးလေးဟာ မြေတူး giant ကား သူ့နားချဉ်းကပ်လာပေမဲ့ ထိုနေရာမှာထိုင်နေဆဲဖြစ်ပြီး giant ကားအား ကြောက်လန့်ခြင်းမရှိကြောင်းလည်း ပြသခဲ့ပါတယ်။

မြေတူးတဲ့ကုန်တင်ယာဉ်မောင်းက လမ်းမအလယ်မှာထိုင်ပြီးထွက်မပြေးဘဲထိုင်နေတဲ့ ခွေးလေးကို စပြီးစကားပြောနေခဲ့ပါသေးတယ်။“ အဲ့ခွေးလေးက ဆာလောင်ပြီး အရမ်းအေးနေသလိုပါပဲ၊ ဒါပေမယ့်အနီးနားမှာလည်း. စားသောက်ဆိုင်တွေမရှိဘူး ”လို့ယာဉ်မောင်းသူက ဆိုခဲ့ပါတယ်။

” ဒီနေရာက ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုဖြစ်ပြီးအစာရှာတဲ့ နေရာမဟုတ်ဘူး၊ ဒီမှာ ခွေးနေရာမရှိဘူး၊ မင်းဒီမှာနေလို့မရဘူး” ယာဉ်မောင်းသူ က အဆိုပါခွေးလေးကို ဆူလိုက်ပါသေးတယ်။ခွေးပိုင်ရှင်က ဒီအနီးအနားမှာမရှိဘူးလို့ထင်တာကြောင့် ယာဉ်မောင်းသူ က ထိုခွေးလေးကိုခဏခေါ်ထားရန်ဆုံးဖြတ်လိုက်ပါတယ်။

အစတော့ သူကအနက်ရောင်ခွေးလို့ ထင်ခဲ့ပေမဲ့ အိမ်ခေါ်ပြန်ပြီး ရေချိုးပေးလိုက်တဲ့အခါ ထိုခွေးလေးက Golden Retriever ခွေးအမျိုးအစားတစ်ကောင်ဖြစ်နေတာကို သိလိုက်ရလို့ သူဟာ အတော်လေးအံ့အားသင့်သွားခဲ့ပါတယ်။ခွေးလေးမှာ လှပတဲ့အညိုရောင်အမွေးများ ပါရှိပါတယ်။

အဆိုပါယာဉ်မောင်းသူရဲ့သူငယ်ချင်းများက သူ အလွန်ကံကောင်းကြောင်း ပြောကြားခဲ့ပါတယ်။ယာဉ်မောင်းသူဟာ သူ့ရဲ့ညီဖြစ်သူက ခွေးကိုချစ်တဲ့အတွက်ကြောင့် ထိုခွေးလေးကို မွေးစားရန် ဆုံးဖြတ်ခဲ့ပါတယ်။အဆိုပါခွေးလေးအား မွေးစားရန် ဆုံးဖြတ်လိုက်ပြီးနောက် ရက်အနည်းငယ်အကြာမှာ အရောင်တောက်တောက်ရှိတဲ့ ခွေးကလေးကို ယာဉ်မောင်းသူရဲ့ညီဖြစ်သူနှင့်အတူ လမ်းလျှောက်ထွက်ခဲ့ကြပါတယ်။

ယခုအခါ ယာဉ်မောင်းသူရဲ့အိမ်မှာ အိမ်မွေးတိရိစ္ဆာန်လေးတစ်ကောင်ရှိနေပြီဖြစ်တာကြောင့် သူတို့ညီအကို နှစ်ယောက်လုံးဟာ ဝမ်းသာပျော်ရွှင်နေခဲ့ကြပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*