ရောဂါအသည်းအသန်ဖြစ်ပြီး ဆေးရုံရောက်နေသည့် သူငယ်ချင်းဖြစ်သူအတွက် ဆေးဖိုးလေးများစိုက်ပေးနိုင်ရန် ကျောင်းဆင်းချိန်များတွင် ဆိုင်ကယ်တက္ကစီဆွဲနေခဲ့သည့် ကောင်လေး

ရောဂါအသည်းအသန်ဖြစ်ပြီး ဆေးရုံရောက်နေသည့် သူငယ်ချင်းဖြစ်သူအတွက် ဆေးဖိုးလေးများစိုက်ပေးနိုင်ရန် ကျောင်းဆင်းချိန်များတွင် ဆိုင်ကယ်တက္ကစီဆွဲနေခဲ့သည့် ကောင်လေး

ယခုကောင်လေးဟာ သူ၏အရမ်းချစ်ရသော သူငယ်ချင်းနှင့်အတူ အထက်တန်းကျောင်းတတ်နေစဉ်တွင် သူငယ်ချင်းမှ ဆိုးရွားလှသော ဖိားနာမှုဝေဒနာကို ခံစားခဲ့ရပါတယ်။ထို့ကြောင့်ဆေးရုံသို့ အရေးပေါ်ကုသမှုခံယူနေခဲ့ရပြီး အခြားရောဂါများနှင့်အတူ ဆေးရုံတွင်သာ အချိန်ကြာမြင့်စွာ ကုသနေခဲ့ရပါတယ်။

ထို့ကြောင့် ကောင်လေးဟာ သူသည် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ သိပ္ပံနှင့်နည်းပညာကျောင်းတွင် တတ်ရောက်ခွင့်ရခဲ့သော်လည်း သူငယ်ချင်းဖြစ်သူဟာ အသည်းနှင့်ကျောက်ကပ်များပါ ပျက်စီးလာခဲ့ပါတယ်။သူငယ်ချင်း၏မိဘများဟာလည်း ဆေးဖိုးများကို နှစ်ရှည်စွာ ကုသလာရသည့်အတွက် ငွေကြေးအခက်အခဲများကို ရင်ဆိုင်လာရပါတယ်။

ထို့ကြောင့်ကောင်လေးဟာ သူငယ်ချင်း၏ မိဘများကို တစ်ဖက်တစ်လမ်းမှ ကူညီနိုင်ရန်အတွက် ကျောင်းဆင်းသည့်အချိန်နှင့် အားလပ်ချိန်များတွင် ဆိုင်ကယ်တက္ကစီမောင်းပြီး ငွေကြေးများကို ရှာဖွေလျက်ရှိပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*