ရောဂါသည် 97 နှစ်အရွယ်မိခင်ကို တစ်ယောက်တည်းမချန်ထားရစ်ရက်လို့ နေ့စဉ်အလုပ်သို့အတူခေါ်ဆောင်သွားလေ့ရှိတဲ့ အမျိုးသား

ရောဂါသည် 97 နှစ်အရွယ်မိခင်ကို တစ်ယောက်တည်းမချန်ထားရစ်ရက်လို့ နေ့စဉ်အလုပ်သို့အတူခေါ်ဆောင်သွားလေ့ရှိတဲ့ အမျိုးသား

ကျွန်တော်တို့အားလုံးအသက်အရွယ်ရလာတာနဲ့အမျှ ငယ်ငယ်တုန်းက ကျွန်တော်တို့ကို ဂရုစိုက်လာတဲ့ မိဘတွေကို ပြန်လည်ကြည့်ရှုစောင့်ရှောက်ဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ် ။ ယခုအမျိုးသားဟာ အလုပ်ကိုအချိန်ဇယားဆွဲနေစဉ် သူ့ရဲ့တာဝန်ကိုလည်း ထမ်းဆောင်နေခဲ့ပါတယ် ။

Sichuan ပြည်နယ်မှ အသက် ၅၂ နှစ်အရွယ် Cai Yujun အမည်ရှိ အမျိုးသားဟာ စိတ်ဖော်ပြန်မှုခံစားတက်တဲ့ ၉၂ နှစ်အရွယ်မိခင်ကို ပြုစုစောင့်ရှောက်နေပါတယ် ။ သူမရဲ့ အခြေအနေက ပိုမိုဆိုးရွားလာတာကြောင့် သူမကို တစ်ယောက်တည်းထားခဲ့ဖို့ လုံခြုံမှုမရှိတော့ပါဘူး ။ Yujun နဲ့ သူ့ ဇနီးနှစ်ယောက်စလုံးက သူတို့အမေရဲ့ အခြေအနေဟာ အမြဲတမ်းနိုးနိုးကြားကြားရှိဖို့ လိုအပ်တယ်လို့ ထင်ခဲ့ပါတယ် ။ဒါကြောင့် အကောင်းဆုံးလုပ်ဆောင်မှုက သူ့အမေကို အလုပ်သို့ ခေါ်ဆောင်ရန်ဖြစ်ပါတယ် ။

Yujun က သယ်ယူပို့ဆောင်ရေးသမားအဖြစ် အလုပ်လုပ်ပါတယ် ။ သူ‌ဟာ မိခင်နဲ့ အဆင်ပြေရန် မော်တော်ဆိုင်ကယ်ကို ပြုပြင်ဖို့ဆုံးဖြတ်ခဲ့ပြီး သစ်သားပျဉ်ပြားတွေ နဲ့ နောက်ထိုင်ခုံကို ချဲ့ထွင်ပြုလုပ်ခဲ့ပါတယ် ။ ထို့အပြင် သူဟာ မိခင်ဖြစ်သူရဲ့ ခြေထောက်များကို အနားယူနိုင်စေရန်သစ်သားခြေနင်းကိုလည်း ထည့်သွင်းပြုလုပ်ခဲ့ပါတယ် ။

သူသွားလေရာနေရာတိုင်း သူ့အမေကိုပါ အမြဲခေါ်သွားတာပါ ။ Yujun ဟာ “မေမေကသူ့အသက်ကိုပင် မိသားစုကို အပ်နှံလိုက်တယ်။ ဒါကြောင့် ဘယ်လောက်ပဲခက်ခဲပါစေ ကျွန်တော် တာဝန်ယူ စောင့်ရှောက်မယ် ” လို့ သူ့စိတ်ခံစားချက်ကိုပြောလာခဲ့ပါတယ် ။

Zawgyi

ေရာဂါသည္ 97 ႏွစ္အ႐ြယ္မိခင္ကို တစ္ေယာက္တည္းမခ်န္ထားရစ္ရက္လို႔ ေန႔စဥ္အလုပ္သို႔အတူေခၚေဆာင္သြားေလ့ရွိတဲ့ အမ်ိဳးသား

ကြၽန္ေတာ္တို႔အားလုံးအသက္အ႐ြယ္ရလာတာနဲ႔အမွ် ငယ္ငယ္တုန္းက ကြၽန္ေတာ္တို႔ကို ဂ႐ုစိုက္လာတဲ့ မိဘေတြကို ျပန္လည္ၾကည့္ရႈေစာင့္ေရွာက္ဖို႔ ကြၽန္ေတာ္တို႔မွာ တာဝန္ရွိပါတယ္ ။ ယခုအမ်ိဳးသားဟာ အလုပ္ကိုအခ်ိန္ဇယားဆြဲေနစဥ္ သူ႔ရဲ႕တာဝန္ကိုလည္း ထမ္းေဆာင္ေနခဲ့ပါတယ္ ။

Sichuan ျပည္နယ္မွ အသက္ ၅၂ ႏွစ္အ႐ြယ္ Cai Yujun အမည္ရွိ အမ်ိဳးသားဟာ စိတ္ေဖာ္ျပန္မႈခံစားတက္တဲ့ ၉၂ ႏွစ္အ႐ြယ္မိခင္ကို ျပဳစုေစာင့္ေရွာက္ေနပါတယ္ ။ သူမရဲ႕ အေျခအေနက ပိုမိုဆိုး႐ြားလာတာေၾကာင့္ သူမကို တစ္ေယာက္တည္းထားခဲ့ဖို႔ လုံၿခဳံမႈမရွိေတာ့ပါဘူး ။ Yujun နဲ႔ သူ႔ ဇနီးႏွစ္ေယာက္စလုံးက သူတို႔အေမရဲ႕ အေျခအေနဟာ အၿမဲတမ္းႏိုးႏိုးၾကားၾကားရွိဖို႔ လိုအပ္တယ္လို႔ ထင္ခဲ့ပါတယ္ ။ဒါေၾကာင့္ အေကာင္းဆုံးလုပ္ေဆာင္မႈက သူ႔အေမကို အလုပ္သို႔ ေခၚေဆာင္ရန္ျဖစ္ပါတယ္ ။

Yujun က သယ္ယူပို႔ေဆာင္ေရးသမားအျဖစ္ အလုပ္လုပ္ပါတယ္ ။ သူ‌ဟာ မိခင္နဲ႔ အဆင္ေျပရန္ ေမာ္ေတာ္ဆိုင္ကယ္ကို ျပဳျပင္ဖို႔ဆုံးျဖတ္ခဲ့ၿပီး သစ္သားပ်ဥ္ျပားေတြ နဲ႔ ေနာက္ထိုင္ခုံကို ခ်ဲ႕ထြင္ျပဳလုပ္ခဲ့ပါတယ္ ။ ထို႔အျပင္ သူဟာ မိခင္ျဖစ္သူရဲ႕ ေျခေထာက္မ်ားကို အနားယူႏိုင္ေစရန္သစ္သားေျခနင္းကိုလည္း ထည့္သြင္းျပဳလုပ္ခဲ့ပါတယ္ ။

သူသြားေလရာေနရာတိုင္း သူ႔အေမကိုပါ အၿမဲေခၚသြားတာပါ ။ Yujun ဟာ “ေမေမကသူ႔အသက္ကိုပင္ မိသားစုကို အပ္ႏွံလိုက္တယ္။ ဒါေၾကာင့္ ဘယ္ေလာက္ပဲခက္ခဲပါေစ ကြၽန္ေတာ္ တာဝန္ယူ ေစာင့္ေရွာက္မယ္ ” လို႔ သူ႔စိတ္ခံစားခ်က္ကိုေျပာလာခဲ့ပါတယ္ ။

Be the first to comment

Leave a Reply

Your email address will not be published.


*