ရောဂါပျံ့နေတဲ့ကာလမှာ အစားအသောက်တွေ ဝယ်ဖို့ အနည်းငယ်သာတက်နိုင်တဲ့ အဘိုးကို အစားအသောက်ပေးခဲ့တဲ့ မိန်းမငယ်တစ်ဦး
ကိုဗစ္ ကမ္ဘာအနှံ့ကူးစက်နေတဲ့ အချိန်ကာလမှာ လူတို့က အစားအသောက်များကို တတ်နိုင်သလောက်သိုလှောင်ရန် ကြိုးစားနေကြပါတယ် ။ ဒါပေမဲ့ အချို့သောဆင်းရဲသားတွေအတွက်တော့ ငွေကြေးမတတ်နိုင်တာကြောင့် သိုလှောင်ဖို့ မတတ်နိုင်ကြပါဘူး ။ ဗုဒ္ဓဟူးနေ့ညနေခင်းက Landmark ကုန်စုံဆိုင်မှာ အစားအသောက်များဝယ်ယူသူများစွာထဲမှ အမျိုးသမီးတစ်ဦးဟာ အဘိုးအိုကို အစားအသောက်တွေယူပြီး တောင်းထဲထည့်ရန် ပြောဆိုခဲ့ပါတယ် ။
အဘိုးအိုဟာ သူရဲ့ အိတ်ထဲမှာ လက်တစ်ဆုပ်စာသိုလှောင်ထားတဲ့ အစားအစာအနည်းငယ်သာရှိတာကို တွေ့လိုက်ရပါတယ် ။ အဘိုးကရှက်ပြီး ပထမအကြိမ်မှာ မိန်းမငယ်ရဲ့ကမ်းလှမ်းချက်ကို လက်မခံခဲ့ပါဘူး ။ထိုအမျိုးသမီးက သကြားနဲ့ ကော်ဖီအပါအဝင်နောက်ထပ်ယူရန် ပြောခဲ့ပါတယ် ။ ထိုအမျိုးသမီးက ရောဂါကူးစက်မှုဖြစ်ပွားစဉ်အတွင်း အခြေခံလိုအပ်ချက်များဖြစ်တဲ့ သွားတိုက်ဆေးနဲ့ အခြားပစ္စည်းများကို အဘိုးအိုအတွက် ပစ္စည်းများကို ယူပေးရန် သူမရဲ့အဖော် ပြောခဲ့ပါတယ် ။
အစဉ်စောင့်နေကြတဲ့သူများစွာကို မိန်းမငယ်ရဲ့ ကောင်းမွန်တဲ့လုပ်ရပ်ကြောင့် သူတို့လည်း အဘိုးအိုကို အစားအသောက်အချို့ ပေးခဲ့ပါတယ် ။ အဘိုးက သူ့မိသားစုအတွက် အစားအစာအမြောက်အများရှိနေပြီဖြစ်တာကြောင့် ပြုံးနေခဲ့ပါတယ် ။ Landmark ဆိုင်ရှိ ထိုကြင်နာတက်တဲ့ လူများကို ကျွန်တော်တို့ ကျေးဇူးတင်မိပါတယ် ။
Zawgyi
Leave a Reply