
ရောဂါခံစားနေရတဲ့ သားဖြစ်သူကို ကောလိပ်အထိပညာသင်ကြားစေချင်လို့ နေ့စဉ်ကျောပိုးပြီး ကျောင်းပို့ခဲ့တဲ့ မိခင်
တရုတ်နိုင်ငံ၊ Guizhou ပြည်နယ်ရှိ ကျေးရွာတစ်ရွာမှာ မိခင်တစ်ဦးဟာ ဘီးတပ်ကုလားထိုင်ပေါ်ထိုင်နေရတဲ့သားကို ကျောပိုးကာ ကျောင်းသို့ ခေါ်ဆောင်လာခဲ့ပါတယ်။ သူမသားဟာ amyotrophic lateral sclerosis (ALS) ခံစားနေရပြီး ကောလိပ်တက်ရန် စိတ်ကူးရှိနေခဲ့ပါတယ်။
Tangzhe ကျေးရွာရှိ အသက် ၄၈ နှစ်အရွယ် Yang Dalian လို့ခေါ်တဲ့ အမျိုးသမီးဟာ သူမရဲ့သားကို ဘီးတပ်ကုလားထိုင်ဖြင့် နေ့တိုင်းကျောင်းခေါ်လာပြီး သူပြောင်းရွှေ့ရန်လိုအပ်ချိန်တွင်မှာ သူမကျောပိုးပြီး သယ်ဆောင်ခဲ့ပါတယ်။ သူမရဲ့ ဆယ်ကျော်သက်သား Yao Wen ဟာ ALS ရောဂါခံစားနေရပြီး သူကိုယ်တိုင် လမ်းမလျှောက်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် သူကအခြားသောလူတွေလိုပဲ ရည်မှန်းချက် ရှိနေခဲ့ပါတယ်။
Lou Gehrig ရောဂါလို့လည်းလူသိများတဲ့ ALS ရောဂါတစ်မျိုးဟာ အာရုံကြောဆဲလ်များကို သက်ရောက်မှုရှိစေပြီး မလှုပ်ရှားနိုင်အောင် ကြွက်သားများကို ထိခိုက်စေနိုင်ပါတယ်။ Yao Wen ဟာ သူရဲ့အခြေအနေကမကောင်းသော်လည်း ကျောင်းမှာ ကြိုးစားနေခဲ့ပါတယ်။ သူရဲ့ဆရာက Yao ဟာအတန်းနောက်ကျတာတို့၊ အခြားသူနဲ့ အဆင်မပြေတာတို့ မရှိကြောင်း ပြောကြားခဲ့ပါတယ်။Yao Wen ရဲ့ အိပ်မက်ဟာ ၎င်းအခြေအနေများကြားမှ ကောလိပ်ကိုတက်ရန်ဘဲဖြစ်ပါတယ်။
သူရဲ့မိခင်က သူ့ကိုအပြည့်အဝကောလိပ်တက်ခွင့်ရရန် “ကျွန်မ ဘယ်လောက်ပဲခက်ခဲပါစေ သူနဲ့အတူသွားမယ်” လို့ အပြည့်အဝထောက်ခံနေခဲ့ပါတယ်။ Yao ဟာ လက်ရှိ Yuping Country Ethnic High School မှာ သူရဲ့ အထက်တန်းကျောင်းပြီးဆုံးသွားပါပြီ။ Yao ဟာ သူရဲ့အတန်းဖော်ချင်းများ သာမက ငါတို့အတွက်လည်း လှုံ့ဆော်မှုတစ်ခုဖြစ်စေခဲ့ပါတယ်။
အကယ်လို့ သူဟာ သူ့ရဲ့အိပ်မက်များကို ဖြတ်ကျော်ရန် ခက်ခဲပေမဲ့လည်း ကျွန်ုပ်တို့ တိုက်ခိုက်သင့်တယ်လို့ Yao က ဆိုခဲ့ပါတယ်။ Yao နဲ့ သူ့ရဲ့မိခင်ဖြစ်သူတို့ရဲ့ အိပ်မက်များလျှောက်လှမ်းနိုင်ရန် အကောင်းဆုံးဖြစ်ပါစေလို့ မျှော်လင့်ပါတယ်။
Leave a Reply