ရောဂါကာလမှာ ကိုယ်ပိုင်ဂေဟာ ကုန်ကျစရိတ်အတွက် အလုပ်နှစ်ခုကိုတစ်ပြိုင်တည်းလုပ်ကိုင်နေခဲ့တဲ့ အမျိုးသား

အခုလို ရောဂါကာလမှာ အခြားလူတွေက အိမ်မှာငြီးငြူးနေကြပေမဲ့ ဒီအမျိုးသားကတော့ အလုပ်နှစ်ခုလုပ်ကိုင်နေခဲ့ပါတယ်။မလေးရှားနိုင်ငံ Selangor ပြည်နယ် Taman Tasik Semenyih ရပ်ကွက်က Al-Fattah အကြီးတန်းပြည်သူ့လူမှုဖူလုံရေးအဖွဲ့ကို အသက်၂၇နှစ်အသက် Mohammad Azlan Abdul Rahman အမည်ရှိတဲ့အမျိုးသားတစ်ဦးက တစ်ကိုယ်တည်း တည်ထောင်ခဲ့ပြီး ကုန်ကျစရိတ်များအတွက် Azlanဟာ ခရီးသည်တင်ဘတ်စ်ကားမောင်းသူအဖြစ် အသက်မွေးဝမ်းကြောင်းပြုခဲ့ပါတယ်။

ယခုအခါ နေထိုင်သူ ၁၈ဦးရဲ့အသုံးစရိတ်အတွက် ရန်ပုံငွေမလုံလောက်မှုတွေ ရှိနေတာကြောင့် Azlan က ကုန်ကျစရိတ်များကို ဆက်လက်ထိန်းသိမ်းနိုင်ရန် အလုပ်နှစ်ခုကိုတစ်ပြိုင်တည်း လုပ်ခဲ့ပါတယ်။

” အပြင်မှာ အိမ်ရာမဲ့ပြည်သူတွေ တောင်းစားနေတာကိုမြင်ရင် ဝမ်းနည်းမိတယ် ၊ ဒီဂေဟာမှာ နေထိုင်သူအားလုံးက အသက် ၄၀ ကနေ ၇၄ နှစ်အကြားရှိပြီး အားလုံးကို သက်ဆိုင်တဲ့မိသားစုတွေက လျစ်လျူရှုထားကြတယ် ၊ အချို့က ဆေးရုံမှာအထားခဲ့ခံခဲ့ရတယ် ၊ ယောက်စီတိုင်းမှာ ဝမ်းနည်းစရာအဖြစ်အပျက်ကိုယ်စီရှိနေကြတယ် ” လို့ Azlan က ဆိုခဲ့ပြီး သက်ကြီးရွယ်အိုတွေကို ၎င်းတို့ရဲ့ကလေးများနှင့်အတူ ပြန်လည်ဆုံဆည်းပေးခဲ့တဲ့အချိန်က သူအနှစ်သက်ဆုံး မှတ်ဉာဏ်တစ်ခုဖြစ်ကြောင်းလည်း ဆိုခဲ့ပါတယ်။

Zawgyi

အခုလို ေရာဂါကာလမွာ အျခားလူေတြက အိမ္မွာၿငီးျငဴးေနၾကေပမဲ့ ဒီအမ်ိဳးသားကေတာ့ အလုပ္ႏွစ္ခုလုပ္ကိုင္ေနခဲ့ပါတယ္။မေလးရွားႏိုင္ငံ Selangor ျပည္နယ္ Taman Tasik Semenyih ရပ္ကြက္က Al-Fattah အႀကီးတန္းျပည္သူ႔လူမႈဖူလုံေရးအဖြဲ႕ကို အသက္၂၇ႏွစ္အသက္ Mohammad Azlan Abdul Rahman အမည္ရွိတဲ့အမ်ိဳးသားတစ္ဦးက တစ္ကိုယ္တည္း တည္ေထာင္ခဲ့ၿပီး ကုန္က်စရိတ္မ်ားအတြက္ Azlanဟာ ခရီးသည္တင္ဘတ္စ္ကားေမာင္းသူအျဖစ္ အသက္ေမြးဝမ္းေၾကာင္းျပဳခဲ့ပါတယ္။

ယခုအခါ ေနထိုင္သူ ၁၈ဦးရဲ႕အသုံးစရိတ္အတြက္ ရန္ပုံေငြမလုံေလာက္မႈေတြ ရွိေနတာေၾကာင့္ Azlan က ကုန္က်စရိတ္မ်ားကို ဆက္လက္ထိန္းသိမ္းႏိုင္ရန္ အလုပ္ႏွစ္ခုကိုတစ္ၿပိဳင္တည္း လုပ္ခဲ့ပါတယ္။

” အျပင္မွာ အိမ္ရာမဲ့ျပည္သူေတြ ေတာင္းစားေနတာကိုျမင္ရင္ ဝမ္းနည္းမိတယ္ ၊ ဒီေဂဟာမွာ ေနထိုင္သူအားလုံးက အသက္ ၄၀ ကေန ၇၄ ႏွစ္အၾကားရွိၿပီး အားလုံးကို သက္ဆိုင္တဲ့မိသားစုေတြက လ်စ္လ်ဴရႈထားၾကတယ္ ၊ အခ်ိဳ႕က ေဆး႐ုံမွာအထားခဲ့ခံခဲ့ရတယ္ ၊ ေယာက္စီတိုင္းမွာ ဝမ္းနည္းစရာအျဖစ္အပ်က္ကိုယ္စီရွိေနၾကတယ္ ” လို႔ Azlan က ဆိုခဲ့ၿပီး သက္ႀကီး႐ြယ္အိုေတြကို ၎တို႔ရဲ႕ကေလးမ်ားႏွင့္အတူ ျပန္လည္ဆုံဆည္းေပးခဲ့တဲ့အခ်ိန္က သူအႏွစ္သက္ဆုံး မွတ္ဉာဏ္တစ္ခုျဖစ္ေၾကာင္းလည္း ဆိုခဲ့ပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*