
ရေအောက်ဓါတ်ပုံများကို ငါးကလေးတွေနဲ့အတူ ထူးခြားစွာရိုက်ကူးခဲ့တဲ့ စုံတွဲနှစ်ဦး
မကြာသေးမီက စုံတွဲတစ်တွဲဟာ သူတို့ရဲ့ ထူးခြားတဲ့ ရေအောက် prenup ဓါတ်ပုံများနဲ့ အတူ ၎င်းတို့က လှည့်ပတ်ရေကူးနေစဥ်အတွင်း တကယ့်သက်ရှိငါးများနဲ့အတူ ရိုက်ကူးထားတာကြောင့် ပျံ့နှံ့မှုဖြစ်လာခဲ့ပါတယ် ။ ယနေ့ခေတ်စုံတွဲတွေက အမှတ်တရများကို မှတ်မိစေရန် ထူးဆန်းတဲ့ နည်းလမ်းတွေ ပြုလုပ်ချင်ကြပါတယ် ။
ဒါပေမယ့် အခြားသူနဲ့မတူဘဲ ကွဲပြားခြားနားတဲ့ သူတို့ရဲ့စိတ်ကူးစိတ်သန်းတွေကို သုံးကြတာပါ ။ Jeo ar Dianson နဲ့ Analyn Juarez တို့စုံတွဲနှစ်ဦးဟာ မကြာသေးမီက netizens တွေကို သူတို့ရဲ့ ထူးခြားတဲ့ prenup photoshoot နဲ့အတူ ရေအောက်ဝန်းကျင်တွင်မှာ ငါးတွေနဲ့ လှည့်ပတ်စီးဆင်းနေခဲ့ကြတဲ့ပုံကို ရိုက်ကူးခဲ့ပါတယ် ။သူတို့ရဲ့ဓာတ်ပုံဆရာ SAGAD စတူဒီယိုမှ မျှဝေထားတဲ့ ပုံတွေမှာဆိုရင် သူတို့ဇနီးမောင်နှံနှစ်ဦးက သူတို့ရဲ့ရေအောက်လျှပ်တစ်ပြက်ရိုက်ချက်များကို ကြည့်ရှုပုံအပေါ်မှာ အလွန်ချိုမြိန်ခြင်းအတွက် netizen တို့ရဲ့ အာရုံကိုဖမ်းစားနိုင်ခဲ့ပါတယ် ။
ဓာတ်ပုံဆရာရဲ့အဆိုအရ Jeo ar က ငါးတွေကို အလွန်နှစ်သက်တာကြောင့် သူမမှာ Koi ငါးအမျိုးအစားကို မွေးမြူခဲ့ပါတယ် ။ ဒါ့ကြောင့် ဇနီမောင်နှံနှစ်ဦးက လက်ထပ်ထိမ်းမြားဖို့ ဆုံးဖြတ်ကြတဲ့အခါမှာ ရေလှောင်ထားတဲ့ koi နဲ့အတု ဓာတ်ပုံအချို့ရိုက်ကူးထာကြတာပါ ။ ရရှိလာတဲ့ဓာတ်ပုံတွေက တကယ်ကို အံ့သြစရာကောင်းပါတယ် ။
Zawgyi
Leave a Reply