ရေနစ်နေတဲ့ အချစ်ဆုံးသူငယ်ချင်းလူတစ်ဦးကို စိတ်ပူပန်စွာနဲ့ ကယ်တင်ပေးခဲ့တဲ့ ဆင်လေး (ရုပ်သံ)

ရေနစ်နေတဲ့ အချစ်ဆုံးသူငယ်ချင်းလူတစ်ဦးကို စိတ်ပူပန်စွာနဲ့ ကယ်တင်ပေးခဲ့တဲ့ ဆင်လေး (ရုပ်သံ)

Kham Lha လို့ အမည်ပေးထားတဲ့ ဆင်ငယ်လေးဟာ 2015 ခုနှစ်မှာ ကယ်တင်ခြင်းခံခဲ့ရပြီးနောက် ထိုင်းနိုင်ငံရဲ့ ဆင်စခန်းတစ်ခုမှာ နေထိုင်နေတဲ့ ဆင်လေးပါ ။ Darrick ဆိုတဲ့အမျိုးသားကတော့ ဆင်ငယ်လေး အရမ်းကိုခင်မင်ရင်နှီးရတဲ့ ဆင်စခန်းက ဝန်ထမ်းတစ်ဦးဖြစ်ပါတယ် ။ဒါကြောင့် သူတို့နှစ်ဦးဟာ အတော်လေးကို သူငယ်ချင်းသံယောဇဉ်ငြိတွယ်နေခဲ့ကြပြီး မခွဲနိုင်မခွာရက်အောင်ကို ဖြစ်နေကြရတာပါ ။ Darrick က ဆင်ငယ်လေးရဲ့နာမည်ကို ခေါ်လိုက်တိုင်း ရောက်တဲ့နေရာကနေ ချက်ချင်းပြေးလာတတ်ပါတယ် ။

ဒီတစ်ခေါက်မှာလည်း Darrick ဟာ ကျွမ်းကျင်စွာ ရေကူးတတ်သူဖြစ်ပေမဲ့လည်း မြစ်ချောင်းထဲမှာ ရေဆင်းကူးပြီး ရေနစ်တော့မဲ့ပုံစံမျိုးနဲ့ ဆင်ငယ်လေးကို အော်ဟစ်အကူအညီတောင်းခဲ့ပါတယ် ။ ဆင်ငယ်လေးမှာလည်း ချက်ချင်း မြစ်ချောင်းထဲပြေးဆင်ပြီး Darrick ကို ကယ်တင်ခဲ့ပါတယ် ။ တစ်ခါတစ်လေ Darrick တစ်ယောက် အကူအညီမလိုအပ်ရင်တောင် ဆင်ငယ်လေးက စိုးရိမ်ပူပန်စွာနဲ့ သူ့ရဲ့အနားကို ရောက်လာတတ်ကြောင်းလည်း သိရှိရပါတယ် ။

Zawgyi

ေရနစ္ေနတဲ့ အခ်စ္ဆုံးသူငယ္ခ်င္းလူတစ္ဦးကို စိတ္ပူပန္စြာနဲ႔ ကယ္တင္ေပးခဲ့တဲ့ ဆင္ေလး (႐ုပ္သံ)

Kham Lha လို႔ အမည္ေပးထားတဲ့ ဆင္ငယ္ေလးဟာ 2015 ခုႏွစ္မွာ ကယ္တင္ျခင္းခံခဲ့ရၿပီးေနာက္ ထိုင္းႏိုင္ငံရဲ႕ ဆင္စခန္းတစ္ခုမွာ ေနထိုင္ေနတဲ့ ဆင္ေလးပါ ။ Darrick ဆိုတဲ့အမ်ိဳးသားကေတာ့ ဆင္ငယ္ေလး အရမ္းကိုခင္မင္ရင္ႏွီးရတဲ့ ဆင္စခန္းက ဝန္ထမ္းတစ္ဦးျဖစ္ပါတယ္ ။ဒါေၾကာင့္ သူတို႔ႏွစ္ဦးဟာ အေတာ္ေလးကို သူငယ္ခ်င္းသံေယာဇဥ္ၿငိတြယ္ေနခဲ့ၾကၿပီး မခြဲႏိုင္မခြာရက္ေအာင္ကို ျဖစ္ေနၾကရတာပါ ။ Darrick က ဆင္ငယ္ေလးရဲ႕နာမည္ကို ေခၚလိုက္တိုင္း ေရာက္တဲ့ေနရာကေန ခ်က္ခ်င္းေျပးလာတတ္ပါတယ္ ။

ဒီတစ္ေခါက္မွာလည္း Darrick ဟာ ကြၽမ္းက်င္စြာ ေရကူးတတ္သူျဖစ္ေပမဲ့လည္း ျမစ္ေခ်ာင္းထဲမွာ ေရဆင္းကူးၿပီး ေရနစ္ေတာ့မဲ့ပုံစံမ်ိဳးနဲ႔ ဆင္ငယ္ေလးကို ေအာ္ဟစ္အကူအညီေတာင္းခဲ့ပါတယ္ ။ ဆင္ငယ္ေလးမွာလည္း ခ်က္ခ်င္း ျမစ္ေခ်ာင္းထဲေျပးဆင္ၿပီး Darrick ကို ကယ္တင္ခဲ့ပါတယ္ ။ တစ္ခါတစ္ေလ Darrick တစ္ေယာက္ အကူအညီမလိုအပ္ရင္ေတာင္ ဆင္ငယ္ေလးက စိုးရိမ္ပူပန္စြာနဲ႔ သူ႔ရဲ႕အနားကို ေရာက္လာတတ္ေၾကာင္းလည္း သိရွိရပါတယ္ ။

Be the first to comment

Leave a Reply

Your email address will not be published.


*