ရေနစ်နေတဲ့ကြောင်လေးတစ်ကောင်အား လူသားဆန်စွာဖြင့် အတူပူးပေါင်းကယ်တင်ပေးခဲ့ကြသူများ

ရေနစ်နေတဲ့ကြောင်လေးတစ်ကောင်အား လူသားဆန်စွာဖြင့် အတူပူးပေါင်းကယ်တင်ပေးခဲ့ကြသူများ

တိရိစ္ဆာန်တစ်ကောင်အား ကယ်တင်ပေးလိုက်ခြင်းက နှလုံးသားကိုနွေးထွေးသွားတဲ့အဖြစ်အပျက်ဖြစ်စေရုံသာမက မလေးရှားအမျိုးသားတစ်ဦး ၊ရဲတစ်ဦး နှင့် စစ်သားတစ်ဦးတို့ရဲ့လုပ်ဆောင်မှုဟာ အတူတကွလက်တွဲပြီး အတူတကွ ရေနစ်သေဆုံးခြင်းကို ကာကွယ်ရန်ဘဲ ဖြစ်ပါတယ်။Facebook ပေါ်ရှိ Friends of PDRM group မှ တင်ထားခဲ့တဲ့၎င်းဓါတ်ပုံများနှင့်အတူ ၎င်းအကြောင်းအရာကို ၂၀၂၁ မတ်လ ၉ ရက် အင်္ဂါနေ့မှာ တင်ခဲ့ပြီး ၎င်းသတင်းဟာ လူသိများလာခဲ့ပါတယ်။

“ ချစ်ခင်တွယ်တာမှုက လူသားအချင်းချင်း သာမက သက်ရှိသတ္တဝါအားလုံးကြားမှာလည်း ရှိပါတယ် ။ Beseri ရဲစခန်းမှ L / Kpl Michael အမည်ရှိရဲသား ၊ Perlis အမည်ရှိ Rela အဖွဲ့ဝင် နှင့် ကြောင်လေးကိုကယ်တင်ရာမှာ အတူတကွလုပ်ဆောင်ပေးခဲ့တဲ့ အရပ်သားအမျိုးသားတစ်ဥဦးတို့အား ကျေးဇူးအထူးတင်ရှိပါတယ် ” လို့ caption မှာ ရေးသားထားပါတယ်။

မလေးရှား အရပ်သားအမျိုးသားတစ်ဦး၊ ရဲတစ်ဦး နှင့် RELA အဖွဲ့ဝင်တစ်ဦးတို့ဟာ ကြောင်တစ်ကောင်ရဲ့ရေနစ်သေဆုံးမှုမှကာကွယ်နိုင်ရန် အတူတကွ ပူးပေါင်းဆောင်ရွက်ရင်း စတန့်တွေပါ လုပ်နေတာကို တွေ့မြင်ရမှာပါ။

ဓာတ်ပုံများအရ အရပ်သားနှင့် ရဲတစ်ဦး တို့ဟာ ကြောင်ကိုကယ်တင်ရန် ရေကန်သို့ဦးတည်နေတဲ့ RELA အဖွဲ့ဝင်တစ်ဦးရဲ့ လက်အား ဆွဲထားပေးနေပုံကို တွေ့ရမှာပါ။ထို့နောက် ရဲသားဟာ RELA အဖွဲ့ဝင်ရဲ့ အကူအညီဖြင့် ကြောင်ကိုအမှိုက်ပုံးဖြင့် ဘေးကင်းစွာ ကယ်တင်နိုင်ခဲ့ပါတယ်။

၎င်း post ဟာ တစ်ရက်မပြည့်ခင်မှာ shares ၉၂၁ ခု နှင့် likes ၉၁၀၀ ကျော်အထိ ရရှိခဲ့ပါတယ်။Netizen များက အဆိုပါအမျိုးသားသုံးဥဦးတို့အား အတူတကွ အလုပ်လုပ်ခြင်းနှင့် လူသားတို့ရဲ့ယုံကြည်မှုကို ပြန်လည်တည်ဆောက်နိုင်ခြင်းအတွက်ပါ ချီးကျူးပြောဆိုခဲ့ကြပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*