
ရေတွေကိုဖြုန်းတီးပြီး ဆော့ကစားနေခဲ့လို့ ကြောင်တစ်ကောင်စီကနေ ဆူပူအော်ငေါက်တာခံခဲ့ရတဲ့ ခွေးလေး (ရုပ်သံ)
ရာသီဥတု ပူပြင်းလာတာနဲ့အမျှ လူအတော်များများက ရေတွေကိုမဖြုန်းတီးတော့ပဲ ချွေတာသုံးစွဲနေကြတာပါ ။ တိရစ္ဆာန်လေးတွေကလည်း ထိုနည်းတူပါပဲ ။ ဒီတစ်ခေါက်ဖော်ပြမဲ့ video လေးထဲမှာဆိုရင် ခွေးလေးတစ်ကောင်ဟာ ရေဇလုံထဲက ရေတွေကို ဝမ်းသာအားရ ပျော်ရွှင်စွာဆော့ကစားနေခဲ့တာပါ ။
ထိုအချိန်မှာဘဲ ကြောင်လေးတစ်ကောင်ကရောက်လာပြီး ရေတွေကိုဖြုန်းတီးရကောင်းလား ဆိုပြီးခွေးလေးကို ဆူပူအော်ငေါက်ခဲ့ပါတော့တယ် ။ ခွေးလေးကလည်း သူ့ရဲ့အပြစ်ကို ချက်ချင်းရိပ်မိပြီး ငြိမ်သက်နေပါတော့တယ် ။ Video လေးကိုကြည့်လိုက်မယ်ဆိုရင် ရေတွေစုဆောင်းဖို့ အရေးကြီးမှန်း တိရစ္ဆာန်လေးတွေတောင် သိတတ်နေတယ်လို့ ပြောရမှာပါပဲလေ ။
Leave a Reply