ရေငုပ်သမားတစ်ဦးထံချဉ်းကပ်ပြီး အကူအညီတောင်းခံနေခဲ့တဲ့ ဒဏ်ရာရလင်းပိုင်တစ်ကောင်

လင်းပိုင်နှင့်နီးကပ်စွာတွေ့ဆုံခြင်းထက် အခြား ပိုပြီးစိတ်လှုပ်ရှားစရာ မရှိပါဘူး။ကြီးမားတဲ့ အဏ္ဏဝါတိရိစ္ဆာန်တစ်ကောင်နှင့်မျက်နှာချင်းဆိုင်တွေ့ကြုံခဲ့ခြင်းက သင့်ရဲ့အသက်ရှုခြင်းကို ရပ်တန့်သွားစေနိုင်ပါတယ်။သို့သော် လွန်ခဲ့တဲ့နှစ်အနည်းငယ်က ရိုက်ကူးခဲ့တဲ့ လူသိများခဲ့တဲ့ ဗီဒီယိုတစ်ခုက မကြာသေးခင်က online ပေါ်မှာ တစ်ဖန်ပေါ်ထွက်လာခဲ့ပြီး ဗီဒီယိုထဲမှာ လူသားနှင့်လင်းပိုင် က အပြန်အလှန်သက်သက်မျှသာ မဟုတ်ကြောင်း ပြသခဲ့ပါတယ်။

လင်းပိုင်များကို ကမ္ဘာပေါ်မှာအထူးချွန်ဆုံးသတ္တဝါများအဖြစ် မှတ်ယူကြပါတယ်။ဒါကြောင့် လင်းပိုင်တစ်ကောင်က လူတစ်ဦးအား အကူအညီတောင်းခံတယ်ဆိုတာက ဘယ်သူကိုမဆိုတကယ်အံ့ဩထိတ်လန့်သွားစေနိုင်ပါတယ်။Bottlenose လင်းပိုင်တစ်ကောင်ဟာ ရေငုပ်သမားတစ်ဦးထံချဉ်းကပ်ကာ အကူအညီတောင်းခံပြီးနောက် ရေငုပ်သမားတစ်ဦးက အံ့ဩဖွယ်ကောင်းတဲ့ လင်းပိုင်ကို ကယ်တင်ပေးနေတဲ့ဗီဒီယိုကို ရေငုပ်သမားတစ်စုက ရိုက်ကူးနိုင်ခဲ့ပါတယ်။

သမုဒ္ဒရာတွင်းနက်ရှိ လင်းပိုင်အရိုင်းများက ရေငုပ်သမားများထံချဉ်းကပ်ခဲ့ပြီး သူတို့အားတစ်နည်းနည်းဖြင့် လေ့ကျင့်ပေးထားခြင်းမရှိတာကြောင့် အမှန်တကယ်မှာ ရေငုပ်သမားများက အလွန်သတိထားနေကြရမှာပါ။သို့ပေမဲ့ ထိုလင်းပိုင်က ငါးမျှားချိတ်နှင့်ချိတ်မိထားတာကြောင့် အကန့်အသတ်ဖြင့်သာ ရွှေ့လျားနိုင်ပါတယ်။ဒါကြောင့် လင်းပိုင်က လူသားများထံမှအကူအညီတောင်းခံပုံရပါတယ်။Keller အမည်ရှိအဆိုပါရေငုပ်သမားက လင်းပိုင်ရဲ့ရင်အုပ်ရေယက်မှာ တင်းကျပ်စွာ ပတ်မိနေတဲ့ပိုက်ကွန်ကို သေချာဖြည်ဖို့ကြိုးစားနေခဲ့ပါတယ်။

ပိုအံ့ဩစရာကောင်းတာက လင်းပိုင်ဟာ Keller နဲ့ နီးနီးကပ်ကပ်နေပေးပြီး သူ့ရေယက်ရှိငါးမျှားချိတ်ကိုဖယ်ဖို့ အချိန်ပေးနေခဲ့ပါတယ်။ Keller က ကြိုးအများစုကို ဖြတ်တောက်ပြီးတာနှင့် လင်းပိုင်ဟာ သမုဒ္ဒရာတွင်းနက်ထဲသို့ ပြန်ကူးသွားခဲ့ပါတယ်။“Bottlenose လင်းပိုင်က ငါ့ကို အကြိမ်ပေါင်းများစွာ ချဉ်းကပ်ခဲ့တယ် ၊ သူတို့က တကယ့်ကို ဉာဏ်ကောင်းတဲ့တိရိစ္ဆာန်တွေပါ”လို့ Keller ကဆိုပါတယ်။ဒီလင်းပိုင်က လူသားထံ ချဉ်းကပ်ရန် ကိုယ့်ကိုကိုယ်တွန်းအားပေးနေခဲ့ပြီး အကူအညီတောင်းခဲ့ပုံပါဘဲ။

လင်းပိုင်ရဲ့ဒဏ်ရာက လူသားများကြောင့်ဖြစ်တာကြောင့် အချို့လူများက ၎င်းအမှားကိုပြုပြင်ရန် အခွင့်အရေးပေးခဲ့တာလို့ ထင်မှတ်သွားကြမယ်လို့ မျှော်လင့်နေမိပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*