
ရေချိုးနေတဲ့သခင်ကို အထူးအဆန်းဖြစ်ပြီး မျက်လုံးအဝိုင်းသားနဲ့ စောင့်ကြည့်နေခဲ့တဲ့ ကြောင်လေး
ကြောင်လေးတွေက အမှန်တကယ်ဘဲ ရယ်စရာကောင်းပါတယ်။သူတို့ရဲ့ သန်းပေါင်းများစွာသော feline ဓာတ်ပုံများနှင့် ဗီဒီယိုတွေကို အင်တာနက်ပေါ်မှာ ထပ်ခါထပ်ခါ တွေ့ဖူးနေကြမှာပါ။
Reddit အသုံးပြုသူ @tacos_fall_apart ဟာ ရေချိုးနေတဲ့သခင်ဖြစ်သူကို ကြည့်ပြီး အထူးအဆန်းတွေဖြစ်နေတဲ့ သူမရဲ့ကြောင်လေးရဲ့ဓာတ်ပုံနှစ်ပုံကို မျှဝေပြီးနောက် ၎င်းဓာတ်ပုံတွေက ကြောင်လေးတွေလည်း ရယ်စရာကောင်းကြောင်းကို သက်သေပြနေခဲ့ပါတယ်။သူမ post ရဲ့ caption က “ ငါရေချိုးနေတာကို ကြည့်နေတဲ့ ငါ့ရဲ့ကြောင်လေး Tuna Fish ဘဲ ၊ ငါမွေးခဲ့ဖူးတဲ့ကြောင်တွေထဲမှာ သူက အရယ်ရဆုံးဘဲ” လို့ ဆိုထားပါတယ်။ထုံးစံအတိုင်း netizen တွေက ကြောင်လေးရဲ့မျက်နှာအမူအရာကိုကြည့်ပြီး ရယ်မောနေခဲ့ကြပါတယ်။
အချို့က “ ဟဲဟဲ ငါ့ကြောင် Lucy နဲ့အတူတူဘဲ ငါရေချိုးဖို့လုပ်ရင် ငါ့နောက်လိုက်ပြီး ဘာလို့ ရေချိုးတာလဲဆိုတဲ့ ရုပ်နဲ့ ထိုင်ကြည့်နေတတ်တယ်” ၊ “ ငါ့ကြောင်ကတော့ ငါရေချိုးပြီးရင် ငါ့ဆီလာပြီး ရေခြောက်သွားအောင် ပွတ်သပ်ပေးသေးတယ်” စတဲ့ သူတို့ရဲ့ရယ်စရာကောင်းတဲ့ကြောင်လေးတွေရဲ့အကြောင်းကိုလည်း မျှဝေခဲ့ကြပါတယ်။
ထို့နောက် ၎င်းဓာတ်ပုံတွေဟာ Reddit မှာ ပျံ့နှံ့သွားခဲ့ပြီး လူအများက ၎င်းမူရင်းဓာတ်ပုံတွေကို meme အဖြစ်လည်း အသုံးပြုခဲ့ကြပါတယ်။ Tuna Fish ရဲ့ ရုပ်လေးကလည်း လူတိုင်း ချစ်ချင်သွားစရာပါဘဲ။Instagram မှာလည်း Tuna Fish အတွက် သခင်ဖြစ်သူက acc တစ်ခုဖွင့်ထားပေးပြီး ပရိသတ်လည်း အခိုင်အမာရရှိထားပါသေးတယ်။
Leave a Reply