ရေချိုးကန်အပြည့် အကြွေစေ့တွေနဲ့ Iphone XSကို သွားဝယ်ခဲ့တဲ့ ခပ်နောက်နောက်အမျိုးသား

Iphone ဆိုတာ ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံးဖုန်းဖြစ်ပြီး ဈေးနှုန်းကလည်း တခြားဖုန်းတွေထက် အတော်များတာကြောင့် လူတိုင်းဝယ်မကိုင်နိုင်ပါဘူး။ ဒါပေမယ့်လည်း ရုရှားနိုင်ငံက ခပ်နောက်နောက်အမျိုးသား တစ်ဦးကတော့ သူများနဲ့ မတူပဲ Iphone တစ်လုံးကိုဝယ်ယူဖို့အတွက် ရေချိုးကန်အပြည့် အကြွေစေ့တွေကို ထည့်ပြီး Iphone XS ကို ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။

ထိုအမျိုးသားနဲ့ အတူ သူ့သူငယ်ချင်းတွေဟာ အကြွေစေ့တွေ များလွန်းတဲ့အတွက် ရေချိုးကန်နဲ့ ထည့်လာရတဲ့အထိတောင် ဖြစ်ခဲ့ရပါတယ်။ ဆိုင်ထဲအဝင်မှာတောင် သူတို့ရဲ့ ဗရုတ်ကျတဲ့ ပုံစံတွေကြောင့် လုံခြုံရေးတွေနဲ့ စကားများမလိုတောင် ဖြစ်ခဲ့ရပြီး နောက်ပိုင်းမှာတော့ ဆိုင်ထဲဝင်ခွင့်ရခဲ့ပါတယ်။ ဒီလိုနဲ့ ဆိုင်ထဲမှာပြထားတဲ့ Iphoneတွေကို ရွေးချယ်ခဲ့ပြီး နောက်ဆုံးပေါ် မော်လ်ဒယ် Iphone XS ကိုရွေးချယ်ဝယ်ယူခဲ့ပါတယ်။

အကျိုးဆက်အနေနဲ့ကတော့ ဆိုင်က ဝန်ထမ်းတွေဟာ သူပေးချေတဲ့ အကြွေစေ့တွေကို ရေတွက်ဖို့အတွက် အချိန်အတော်တော်များများ ကြာမြင့်ခဲ့ရပါတယ်။ အဆိုပါအမျိုးသားကတော့ လူမှုကွန်ယက်ပေါ်မှာ Prank ဗီဒီယိုတွေနဲ့ နာမည်ကြီးနေတဲ့သူတစ်ယောက်လည်း ဖြစ်ပြီး အခု Prank ဗီဒီယို ဟာ လူမှုကွန်ယက်ပေါ်မှာ နာမည်ကြီးနေကာ ဝေဖန်မှုတွေရှိသလို သဘောကျတဲ့ လူတွေလည်း ရှိတယ်လို့ သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*