ရေကြီးတဲ့ သတင်းကို သွားပြီးရိုက်ကူးတဲ့ သတင်းထောက် ဖိနပ်ရေစိုမှာဆိုးလို့ ဒေသခံတွေက ထမ်းလာခဲ့ရ

မက္ကဆီကိုနိုင်ငံက ရေကြီးနေတဲ့ ဒေသမှာ TV Azteca ရဲ. သတင်းထောက်မလေး Lydia Cumming တစ်ယောက် သတင်းသွားရယူစဉ်မှာ အခုပုံရိပ်တွေ ထွက်လာတာပါ ။ သူမဟာ တန်ဖိုးကြီးဖိနပ်ကို ရေမစိချင်တာမို့ မခိုင်းခဲ့တာလို့ သိရပါတယ်။

သူမကတော့ ဒေသခံတွေက ဒီလိုမပေးမယ်လို့ ဆိုခဲ့တာ ဖြစ်ပြီး ၊ သူမက လူတွေနဲ့ ဆက်ဆံရေး ကောင်းမွန်ချင်တာမို့ လက်ခံခဲ့တာ ဖြစ်ကြောင်း ၊ ၂ စက္ကန့်လောက်အကြာမှာ အောက်ကို ပြန်ချခိုင်းခဲ့ကြောင်းတော့ ဆိုထားပါတယ် ။

 

ဒါပေမယ့်လည်း ၂ စက္ကန့်အတွင်းမှာ သူမကို လူနှစ်ယောက်က မထားတဲ့ပုံက ရိုက်ကူးပြီးသား ဖြစ်သွားပြီး ၊ ဒီဓါတ်ပုံ အွန်လိုင်းမှာ ပြန့်နှံသွားတာမို့ သူမကို အလုပ်ဖြုတ်ပစ်ခဲ့ပါတယ်။

ဓါတ်ပုံရိုက်ကူးပြီး တင်သူကလည်း ဒီဖြစ်ရပ်မှာ သူမဟာ ရှက်ဖို့ကောင်းကြောင်း ၊ ရေစိုမှာဆိုးလို့ မခိုင်းတယ်ဆိုပြီး ရေးသားကာ တင်ခဲ့တာပါ ။ သူမရဲ. ဒီပုံကို လှောင်ပြောင်သူတွေ အမြောက်အများရှိနေပြီး ရုပ်ပြောင်တွေလည်း လောလောဆယ်မှာ ထွက်ရှိထားပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*