
ရေကူးနေရင်း မောလာလို့ လှေပေါ်တက်ပြီးအနားယူနေခဲ့တဲ့ ပင်လယ်ဖျံစုံတွဲ(ရုပ်သံ)
အမေရိကန်ပြည်ထောင်စု Washington ကမ်းခြေရှိ Puget Sound လို့ခေါ်တဲ့လှေတစ်စီးပေါ်သို့ ပေါ့ပေါ့ပါးပါးလေးနဲ့ လိုက်ပါစီးနင်းနေခဲ့တဲ့ ကြီးမားတဲ့ပင်လယ်ဖျံစုံတွဲကို Joshua Phillips အမည်ရှိတဲ့အမျိုးသားက မမျှော်လင့်ဘဲ မြင်တွေ့ခဲ့ရပါတယ်။
ထင်ရှားတာကတော့ သမုဒ္ဒရာရဲ့ ပင်လယ်ခြင်္သေ့လို့တင်စားတဲ့ ထုထည်ကြီးမားတဲ့အဆိုပါနို့တိုက်သတ္တဝါပင်လယ်ဖျံစုံတွဲဟာ တစ်စုံတစ်ယောက်ရဲ့လှေပေါ်တက်ပြီး သူတို့ခဏအနားယူနိုင်ဖို့အတွက်သက်သက်ဘဲ လှေကိုဌားရမ်းဖို့ ဆုံးဖြတ်ထားကြပုံပါဘဲ။ဘာမှ မလုပ်ဘဲ အငြိမ့်လေး လိုက်စီးနေခဲ့ကြတာပါ။
အဆိုပါ ပင်လယ်ဖျံကြီးစုံတွဲက ဗီဒီယိုရိုက်နေတဲ့ Phillips ကို အပြစ်မရှိတဲ့ရုပ်လေးတွေနဲ့လည်း လိုက်ကြည့်နေခဲ့ကြပါသေးတယ်။၎င်းလှေဒီဇိုင်းကလည်း ထိုကဲ့သို့သော အလွန်ကြီးမားတဲ့ခရီးသည်တွေကို တင်ဖို့အတွက် မဟုတ်နေခဲ့ပါဘူး။၎င်းလှေကို ဘယ်သူကပိုင်ဆိုင်ထားကြောင်း နဲ့ အဆိုပါပင်လယ်ဖျံစုံတွဲက ၎င်းလှေပေါ်မှာ ဘယ်လောက်ကြာကြာနေကြတာကိုတော့ သေချာမသိရသေးပေမဲ့လည်း ဒီထူးခြားတဲ့မြင်ကွင်းက အဆိုပါတိရိစ္ဆာန်များရဲ့အရွယ်အစားကို ရှုထောင့်သစ်တစ်ခုအဖြစ် ပြောင်းလဲပစ်စေခဲ့ပါတယ်။
အဆိုပါပင်လယ်ဖျံတို့ရဲ့ ထုထည်သိပ်သည်းမူက ပေါင် ၂၅၀၀ ထိရှိနိုင်ပြီး အရှည်က ၁၁ ပေအထိ ရောက်နိုင်ပါတယ်။ပိုပြီး စိတ်ဝင်စားစရာကောင်းတာက အလေးချိန် တော်တော်လေးလေးပုံရမဲ့ ပင်လယ်ဖျံနှစ်ကောင်ရဲ့ လှေကတော့ ကတ်တိလေး ရေပြင်ပေါ်ပေါ်နေခဲ့ပေမဲ့ အခုကိစ္စကြောင့်လည်း ၎င်းလှေတစ်စီးလုံးနီးပါး နစ်မြုပ်သွားနိုင်ပါတယ်။
Leave a Reply