ရေကန်တည်ဆောက်ဖို့ ငွေမရှိပေမဲ့ ရှိတဲ့ပစ္စည်းနဲ့ ရေကန်ကို ကိုယ်တိုင်တည်ဆောက်ခဲ့လိုက်တဲ့ အမျိုးသားနှစ်ဦးရဲ့ အံ့ဖွယ်ရလဒ် (ရုပ်သံ)

ရေကန်တည်ဆောက်ဖို့ ငွေမရှိပေမဲ့ ရှိတဲ့ပစ္စည်းနဲ့ ရေကန်ကို ကိုယ်တိုင်တည်ဆောက်ခဲ့လိုက်တဲ့ အမျိုးသားနှစ်ဦးရဲ့ အံ့ဖွယ်ရလဒ် (ရုပ်သံ)

ရေကူးကန်တည်ဆောက်ဖို့ဆိုတာ ပိုက်ဆံတွေအများကြီး သုံးရပါတယ် ။ ဒါပေမဲ့ အခုဖော်ပြပေးမဲ့ အမျိုးသားနှစ်ဦးက ငွေများစွာမရှိတာကြောင့် သူတို့ရဲ့ အကြံဉာဏ်နဲ့ သူတို့လိုချင်တဲ့ ရေကူးကန်ကို တူးဖော်ရန် ဆုံးဖြတ်ခဲ့ပါတယ် ။ You Tube ရုပ်သံလိုင်း Primitive Survival Tool မှာ ထိုအမျိုးသားနှစ်ဦး ရေကူးကန် တူးဖော်နေတာကို ပြသထားပါတယ် ။

နောက်ဆုံးရလဒ်ကတော့ အံ့မခန်းပါဘဲ ။ ထိုအမျိုးသားနှစ်ဦးက ရေကန်ကို တည်ဆောက်ရာမှာ တုတ်နဲ့ ရေနံစိမ်းကိရိယာများကို အသုံးပြုပြီး တွင်းတူးရန် ၎င်းကို သုံးနိုင်ပါတယာ ။ ဒီဗီဒီယိုထဲမှာ သူတို့တွေ အရမ်းကြိုးစားနေပုံရပါတယ် ။ သူတို့က ထိုတွင်းကို တူးဖို့ အနည်းဆုံးတစ်ရက်ကြာပါတယ် ။ထို့နောက် သူတို့က ရွှံ့များကို ယူပြီး အုတ်ခဲတွေပြုကာ သူတို့က အုတ်ဖုတ်ရန် နာရီများစွာကုန်ရပါတယ် ။ ပြီးတော့ သူတို့က ရေကူးကန်ကို အလှဆင်ပြီး ဝါးတံတားငယ်လေးကိုလည်း ချပေးခဲ့ပါတယ် ။

သူတို့ကရေကူးကန်ပြီးသွားတဲ့အခါ ရေကန်ထဲကို ရေတွေလောင်းထဲပြီး သူတို့လိုချင်တဲ့ရေကန်ကို ပိုင်ဆိုင်နိုင်ခဲ့ပါပြီ ။ သူတို့ရဲ့ အံ့သြဖွယ်ကောင်းတဲ့ လုပ်ဆောင်ချက်တွေကိုလည်း ဗီဒီယိုနဲ့ ဝေမျှပေးထားပါတယ် ။

Zawgyi





Be the first to comment

Leave a Reply

Your email address will not be published.


*