
ရုပ်ဆင်းသဏ္ဌာန်ဟာ အောင်မြင်မှုရဲ့ ကန့်သတ်ချက် မဟုတ်ကြောင်း သက်သေပြလာခဲ့တဲ့ Fashion blogger လူပုမလေးတစ်ဦး (ရုပ်သံ)
Seattle မြို့မှ Fashion blogger တစ်ဦး ဖြစ်တဲ့ Doris Jeong အမည်ရှိ အမျိုးသမီးဟာ ပုံမှန်အရပ်အမြင့် ၅ ပေ ၄ လက်မရှိတဲ့ အမေရိကန်အမျိုးသမီးနဲ့ နှိုင်းယှဉ်ရင် သူမဟာ အရပ်အမြင့် ၃ ပေ ၈ လက်မ (၁၁၂ စင်တီမီတာ) သာရှိပါတယ် ။ သူမအသက် ၄ နှစ်အရွယ်မှာ သူမဟာ လူရမ်းကားအုပ်ရောဂါလို့ သတ်မှတ်ခံရသော်လည်း သူမရဲ့မိဘတွေနဲ့ Doris တို့က လုံးဝစိတ်ပျက်အားငယ်ခြင်းမရှိခဲ့ပါဘူး ။
Doris ကို တောင်ကိုရီးယားမှာ မွေးဖွားခဲ့ပြီး သူမ 6 လအရွယ်မှာ မိဘတို့နဲ့အတူ ပစိဖိတ်အနောက်မြောက်ကို ပြောင်းရွှေ့ခဲ့ပါတယ် ။ သူမဟာ လူကြိုက်များပြီး လူတွေ စိတ်ဝင်စားစရာကောင်းတဲ့ လူတစ်ယောက်အဖြစ်ကြီးထွားလာခဲ့ပါတယ် ။Doris ဟာ အရပ်အမြင့် ၁၁၂ စင်တီမီတာသာရှိတာကြောင့် အဝတ်အစားတွေဝယ်ဖို့ ခဲယဉ်းလှပါတယ် ။
ဒါက သူမကို ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဖြစ်ဖို့ လှုံ့ဆော်ပေးနေပါတယ် ။ ဖက်ရှင်မှာ အရွယ်အစားကန့်သတ်ချက်မရှိဘူးဆိုတာကို တခြားလူတွေကိုမြင်ဖို့အတွက် ဖက်ရှင်ဟာအရပ်ရှည်ရှည်၊ ပိန်ပိန်နဲ့လှပတဲ့လူတွေအတွက်ဘဲ မဟုတ်ဘူးဆိုတာကို သက်သေပြချင်ခဲ့ပါတယ် ။ အခုဆိုရင် Doris ဟာ သူမရဲ့ Blog မှာ အရွယ်အစားအမျိုးမျိုးရှိပြီး မတူညီတဲ့အမျိုးသမီးများအတွက် ဖက်ရှင်အကြံပေးချက်များကို မျှဝေခဲ့ပါတယ် ။လူတော်တော်များများက သူမကိုကြိုက်ကြပေမဲ့လည်း တစ်ခါတစ်ရံမှာ လှောင်ပြောင်ခံရတာတို့ တွေ့ရပါတယ် ။
သူမဟာ တရုတ်စားသောက်ဆိုင်တစ်ခုကို သွားတဲ့အချိန်တိုင်း ယောက်ျားတစ်စုက သူမကိုရယ်ခဲ့ပါတယ် ။ သို့ပေမဲ့ သူမဟာ ထိုလှောင်ပြောင်မှုတွေကို လျစ်လျူရှုခဲ့ပါတယ် ။ ကျွန်ုပ်တို့ရဲ့ ရုပ်ဆင်းသဏ္ဌာန်ဟာ ကျွန်ုပ်တို့ရဲ့အောင်မြင်မှုအတွက် ကန့်သတ်ချက် မဟုတ်ကြောင်း Doris က သက်သေပြခဲ့ပါတယ် ။ မကောင်းတဲ့ လူတွေကို လျစ်လျူရှုပြီး ကျွန်ုပ်တို့ရဲ့ အိပ်မက်များကို အကောင်အထည်ဖော်ခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ် ။
Zawgyi
႐ုပ္ဆင္းသဏၭာန္ဟာ ေအာင္ျမင္မႈရဲ႕ ကန႔္သတ္ခ်က္ မဟုတ္ေၾကာင္း သက္ေသျပလာခဲ့တဲ့ Fashion blogger လူပုမေလးတစ္ဦး (႐ုပ္သံ)
Seattle ၿမိဳ႕မွ Fashion blogger တစ္ဦး ျဖစ္တဲ့ Doris Jeong အမည္ရွိ အမ်ိဳးသမီးဟာ ပုံမွန္အရပ္အျမင့္ ၅ ေပ ၄ လက္မရွိတဲ့ အေမရိကန္အမ်ိဳးသမီးနဲ႔ ႏႈိင္းယွဥ္ရင္ သူမဟာ အရပ္အျမင့္ ၃ ေပ ၈ လက္မ (၁၁၂ စင္တီမီတာ) သာရွိပါတယ္ ။ သူမအသက္ ၄ ႏွစ္အ႐ြယ္မွာ သူမဟာ လူရမ္းကားအုပ္ေရာဂါလို႔ သတ္မွတ္ခံရေသာ္လည္း သူမရဲ႕မိဘေတြနဲ႔ Doris တို႔က လုံးဝစိတ္ပ်က္အားငယ္ျခင္းမရွိခဲ့ပါဘူး ။
Doris ကို ေတာင္ကိုရီးယားမွာ ေမြးဖြားခဲ့ၿပီး သူမ 6 လအ႐ြယ္မွာ မိဘတို႔နဲ႔အတူ ပစိဖိတ္အေနာက္ေျမာက္ကို ေျပာင္းေ႐ႊ႕ခဲ့ပါတယ္ ။ သူမဟာ လူႀကိဳက္မ်ားၿပီး လူေတြ စိတ္ဝင္စားစရာေကာင္းတဲ့ လူတစ္ေယာက္အျဖစ္ႀကီးထြားလာခဲ့ပါတယ္ ။Doris ဟာ အရပ္အျမင့္ ၁၁၂ စင္တီမီတာသာရွိတာေၾကာင့္ အဝတ္အစားေတြဝယ္ဖို႔ ခဲယဥ္းလွပါတယ္ ။
ဒါက သူမကို ဖက္ရွင္ဒီဇိုင္နာတစ္ေယာက္ျဖစ္ဖို႔ လႈံ႕ေဆာ္ေပးေနပါတယ္ ။ ဖက္ရွင္မွာ အ႐ြယ္အစားကန႔္သတ္ခ်က္မရွိဘူးဆိုတာကို တျခားလူေတြကိုျမင္ဖို႔အတြက္ ဖက္ရွင္ဟာအရပ္ရွည္ရွည္၊ ပိန္ပိန္နဲ႔လွပတဲ့လူေတြအတြက္ဘဲ မဟုတ္ဘူးဆိုတာကို သက္ေသျပခ်င္ခဲ့ပါတယ္ ။ အခုဆိုရင္ Doris ဟာ သူမရဲ႕ Blog မွာ အ႐ြယ္အစားအမ်ိဳးမ်ိဳးရွိၿပီး မတူညီတဲ့အမ်ိဳးသမီးမ်ားအတြက္ ဖက္ရွင္အႀကံေပးခ်က္မ်ားကို မွ်ေဝခဲ့ပါတယ္ ။လူေတာ္ေတာ္မ်ားမ်ားက သူမကိုႀကိဳက္ၾကေပမဲ့လည္း တစ္ခါတစ္ရံမွာ ေလွာင္ေျပာင္ခံရတာတို႔ ေတြ႕ရပါတယ္ ။
သူမဟာ တ႐ုတ္စားေသာက္ဆိုင္တစ္ခုကို သြားတဲ့အခ်ိန္တိုင္း ေယာက္်ားတစ္စုက သူမကိုရယ္ခဲ့ပါတယ္ ။ သို႔ေပမဲ့ သူမဟာ ထိုေလွာင္ေျပာင္မႈေတြကို လ်စ္လ်ဴရႈခဲ့ပါတယ္ ။ ကြၽႏ္ုပ္တို႔ရဲ႕ ႐ုပ္ဆင္းသဏၭာန္ဟာ ကြၽႏ္ုပ္တို႔ရဲ႕ေအာင္ျမင္မႈအတြက္ ကန႔္သတ္ခ်က္ မဟုတ္ေၾကာင္း Doris က သက္ေသျပခဲ့ပါတယ္ ။ မေကာင္းတဲ့ လူေတြကို လ်စ္လ်ဴရႈၿပီး ကြၽႏ္ုပ္တို႔ရဲ႕ အိပ္မက္မ်ားကို အေကာင္အထည္ေဖာ္ျခင္းဟာ အေကာင္းဆုံးျဖစ္ပါတယ္ ။
Leave a Reply