
ရုပ်ကလေးလှပြီး အခန်းထဲကျ အမှိုက်များနှင့်ပြည့်နေကာ ခြေချစရာပင်မရှိ၍ အခန်းပိုင်ရှင်ဧ။် မောင်းထုတ်ခြင်းကို ခံလိုက်ရသော မိန်းကလေး
အပြင်ထွက်သည့်အခါ မြင်သူတိုင်းငေးမောကြရသည့် မိန်းကလေးတစ်ယောက်ကို ညစ်ပတ်ပေကျံနေသော အခန်းတွင်နေထိုင်မည်ဟု မည်သူမျှထင်မှတ်ထားလိမ့်မည် မဟုတ်ပါ။မည်သို့ဆို များသောဖြင့် လူသားတို့သည် တစ်ယောက်နှင့်တစ်ယောက် အပြင်ပန်းပုံစံကိုသာ ကြည့်ပြီး ဆုံးဖြတ်ချက်ချတတ်ကြ၍ ဖြစ်သည်။
သို့ဖြစ်၍ တရုတ်နိုင်ငံ Heilongjiang ပြည်နယ်ရှိ Harbin မြို့တွင်နေထိုင်သော မိန်းကလေးသည် ရုပ်ရည်ချောမောပြီး ဝတ်စားပုံမှာ သပ်ရပ်မှုရှိပြီး အပြောအဆိုလေးကလည်း တစ်ဖက်သားအပေါ် ချိုသာလွန်း၍ အိမ်ငှားသူအဖြစ် လက်ခံခဲ့သည်။
မိန်းကလေးသည် Beauty Salon ဆိုင်တစ်ခုတွင် လက်သည်းအလှဖော်ပေးသည့် ဝန်ထမ်းမလေးတစ်ဦးဖြစ်ပြီး အိမ်ငှားနေရင်း ဝင်ငွေရှာခဲ့သည်။ထို့နောက် အိမ်အောက်ထပ်ရှိ အခန်းမှ အိမ်ငှားသူတစ်ဦးဧ။် အခန်းတွင် ရေများအပေါ်ထပ် ရေချိုးကနေ ယိုစိမ့်ပြီး ကျလာ၍ အိမ်ရှင်အား အသိပေးခဲ့ရာ ပြင်ပေးမည်ဟု ဆိုခဲ့သည်။
အိမ်ပိုင်ရှင်လည်း မိန်းမလှလေးဧ။် အခန်းရှိရာသို့ လာခဲ့ရာ သော့ခတ်ထား၍ မတတ်နိုင်ပဲ သော့ပိုတစ်ချောင်းနှင့် ဖွင့်ခဲ့ရာ အခန်းထဲတွင် အမှိုက်သရိုက်များပြည့်နေပြီး ညစ်ပတ်ရှုပ်ပွနေသည့်အပြင် အနံ့ဆိုးများပါ ထွက်လာခဲ့သည်။
ထိုသို့ထင်မှတ်မထားသော မြင်ကွင်းအား တွေ့ရှိခဲ့ရာ ရေချိုးခန်းသို့ ဝင်ရန်ပင် ခြေထောက်ချစရာမရှိလောက်အောင် ဖြစ်နေ၍ အလွန် စိတ်ဆိုးသွားပြီးအခန်းကောင်မလေးအား ဖုန်းဆက်၍ အခန်းဆက်မငှားနိုင်ကြောင်းဆိုခဲ့သည်။
Zawgyi
႐ုပ္ကေလးလွၿပီး အခန္းထဲက် အမႈိက္မ်ားႏွင့္ျပည့္ေနကာ ေျခခ်စရာပင္မရွိ၍ အခန္းပိုင္ရွင္ဧ။္ ေမာင္းထုတ္ျခင္းကို ခံလိုက္ရေသာ မိန္းကေလး
အျပင္ထြက္သည့္အခါ ျမင္သူတိုင္းေငးေမာၾကရသည့္ မိန္းကေလးတစ္ေယာက္ကို ညစ္ပတ္ေပက်ံေနေသာ အခန္းတြင္ေနထိုင္မည္ဟု မည္သူမွ်ထင္မွတ္ထားလိမ့္မည္ မဟုတ္ပါ။မည္သို႔ဆို မ်ားေသာျဖင့္ လူသားတို႔သည္ တစ္ေယာက္ႏွင့္တစ္ေယာက္ အျပင္ပန္းပုံစံကိုသာ ၾကည့္ၿပီး ဆုံးျဖတ္ခ်က္ခ်တတ္ၾက၍ ျဖစ္သည္။
သို႔ျဖစ္၍ တ႐ုတ္ႏိုင္ငံ Heilongjiang ျပည္နယ္ရွိ Harbin ၿမိဳ႕တြင္ေနထိုင္ေသာ မိန္းကေလးသည္ ႐ုပ္ရည္ေခ်ာေမာၿပီး ဝတ္စားပုံမွာ သပ္ရပ္မႈရွိၿပီး အေျပာအဆိုေလးကလည္း တစ္ဖက္သားအေပၚ ခ်ိဳသာလြန္း၍ အိမ္ငွားသူအျဖစ္ လက္ခံခဲ့သည္။
မိန္းကေလးသည္ Beauty Salon ဆိုင္တစ္ခုတြင္ လက္သည္းအလွေဖာ္ေပးသည့္ ဝန္ထမ္းမေလးတစ္ဦးျဖစ္ၿပီး အိမ္ငွားေနရင္း ဝင္ေငြရွာခဲ့သည္။ထို႔ေနာက္ အိမ္ေအာက္ထပ္ရွိ အခန္းမွ အိမ္ငွားသူတစ္ဦးဧ။္ အခန္းတြင္ ေရမ်ားအေပၚထပ္ ေရခ်ိဳးကေန ယိုစိမ့္ၿပီး က်လာ၍ အိမ္ရွင္အား အသိေပးခဲ့ရာ ျပင္ေပးမည္ဟု ဆိုခဲ့သည္။
အိမ္ပိုင္ရွင္လည္း မိန္းမလွေလးဧ။္ အခန္းရွိရာသို႔ လာခဲ့ရာ ေသာ့ခတ္ထား၍ မတတ္ႏိုင္ပဲ ေသာ့ပိုတစ္ေခ်ာင္းႏွင့္ ဖြင့္ခဲ့ရာ အခန္းထဲတြင္ အမႈိက္သ႐ိုက္မ်ားျပည့္ေနၿပီး ညစ္ပတ္ရႈပ္ပြေနသည့္အျပင္ အနံ႔ဆိုးမ်ားပါ ထြက္လာခဲ့သည္။
ထိုသို႔ထင္မွတ္မထားေသာ ျမင္ကြင္းအား ေတြ႕ရွိခဲ့ရာ ေရခ်ိဳးခန္းသို႔ ဝင္ရန္ပင္ ေျခေထာက္ခ်စရာမရွိေလာက္ေအာင္ ျဖစ္ေန၍ အလြန္ စိတ္ဆိုးသြားၿပီးအခန္းေကာင္မေလးအား ဖုန္းဆက္၍ အခန္းဆက္မငွားႏိုင္ေၾကာင္းဆိုခဲ့သည္။
Leave a Reply