ရုတ်တရက်ကြည့်လိုက်ရင် အိမ်သာနဲ့မှားနိုင်တဲ့ သေးငယ်ပြီးသပ်ရပ်လွန်းတဲ့ အိမ်ငယ်လေးဆောက်လုပ်ခဲ့တဲ့ အမျိုးသမီး

ရုတ်တရက်ကြည့်လိုက်ရင် အိမ်သာနဲ့မှားနိုင်တဲ့ သေးငယ်ပြီးသပ်ရပ်လွန်းတဲ့ အိမ်ငယ်လေးဆောက်လုပ်ခဲ့တဲ့ အမျိုးသမီး

အချို့သောသူတွေအတွက် အိမ်ဆောက်ဖို့ ငွေးရေးကြေးရေးအဆင်ပြေတော့ ကြီးကျယ်ခမ်းနားတဲ့အိမ်မျိုး အလွယ်တကူတည်ဆောက်နိုင်ပေမဲ့လည်း အချို့သောသူတွေအတွက်ကတော့ အိမ်တစ်လုံးပိုင်ဆိုင်နိုင်ဖို့ အတော်လေးကြိုးစားယူနေရတာပါ ။ ဒီတစ်ခေါက်ဖော်ပြမဲ့ အမျိုးသမီးကတော့ ကျဉ်းမြောင်းလွန်းတဲ့နေအိမ်ကို သေသပ်လှပစွာတည်ဆောက်ပြခဲ့ပါတယ် ။

သူမရဲ့နေအိမ် မျက်နှာစာဟာ အိမ်သာအဝင်ပေါက်လောက်သာ ရှိပြီး ၊ အနောက်ဖက်သို့ အရှည်ဆွဲဆန့်ထားတဲ့ နေအိမ်မျိုးပါ ။ အံ့အားသင့်စေတဲ့အရာက သူမရဲ့နေအိမ်ဟာ ဒုတိယအထပ်ပါ ပါရှိနေသေးလို့ပါပဲ ။ သူမဖော်ပြထားတဲ့ နေအိမ်အတွင်းပိုင်းပုံစံကလည်း အတော်သပ်ရပ်လွန်းလို့ တစ်ယောက်တည်းနေမယ်ဆိုရင်တော့ အတော်လေးကိုအဆင်ပြေမဲ့ နေအိမ်လို့ ပြောရမှာပါပဲလေ ။

ကိုယ့်ရဲ့လက်ထဲမှာရှိတဲ့ ငွေပမာဏနဲ့ သပ်ရပ်သန့်ရှင်းတဲ့နေအိမ်တစ်လုံးကို ဆောက်လုပ်နိုင်ခဲ့တဲ့ စဉ်းစားချင့်ချိန်ဉာဏ်ရှိလွန်းတဲ့ အမျိုးသမီးလို့ ချီးကျူးရလောက်အောင်ပါပဲလေ ။

Zawgyi

႐ုတ္တရက္ၾကည့္လိုက္ရင္ အိမ္သာနဲ႔မွားႏိုင္တဲ့ ေသးငယ္ၿပီးသပ္ရပ္လြန္းတဲ့ အိမ္ငယ္ေလးေဆာက္လုပ္ခဲ့တဲ့ အမ်ိဳးသမီး

အခ်ိဳ႕ေသာသူေတြအတြက္ အိမ္ေဆာက္ဖို႔ ေငြးေရးေၾကးေရးအဆင္ေျပေတာ့ ႀကီးက်ယ္ခမ္းနားတဲ့အိမ္မ်ိဳး အလြယ္တကူတည္ေဆာက္ႏိုင္ေပမဲ့လည္း အခ်ိဳ႕ေသာသူေတြအတြက္ကေတာ့ အိမ္တစ္လုံးပိုင္ဆိုင္ႏိုင္ဖို႔ အေတာ္ေလးႀကိဳးစားယူေနရတာပါ ။ ဒီတစ္ေခါက္ေဖာ္ျပမဲ့ အမ်ိဳးသမီးကေတာ့ က်ဥ္းေျမာင္းလြန္းတဲ့ေနအိမ္ကို ေသသပ္လွပစြာတည္ေဆာက္ျပခဲ့ပါတယ္ ။

သူမရဲ႕ေနအိမ္ မ်က္ႏွာစာဟာ အိမ္သာအဝင္ေပါက္ေလာက္သာ ရွိၿပီး ၊ အေနာက္ဖက္သို႔ အရွည္ဆြဲဆန႔္ထားတဲ့ ေနအိမ္မ်ိဳးပါ ။ အံ့အားသင့္ေစတဲ့အရာက သူမရဲ႕ေနအိမ္ဟာ ဒုတိယအထပ္ပါ ပါရွိေနေသးလို႔ပါပဲ ။ သူမေဖာ္ျပထားတဲ့ ေနအိမ္အတြင္းပိုင္းပုံစံကလည္း အေတာ္သပ္ရပ္လြန္းလို႔ တစ္ေယာက္တည္းေနမယ္ဆိုရင္ေတာ့ အေတာ္ေလးကိုအဆင္ေျပမဲ့ ေနအိမ္လို႔ ေျပာရမွာပါပဲေလ ။

ကိုယ့္ရဲ႕လက္ထဲမွာရွိတဲ့ ေငြပမာဏနဲ႔ သပ္ရပ္သန႔္ရွင္းတဲ့ေနအိမ္တစ္လုံးကို ေဆာက္လုပ္ႏိုင္ခဲ့တဲ့ စဥ္းစားခ်င့္ခ်ိန္ဉာဏ္ရွိလြန္းတဲ့ အမ်ိဳးသမီးလို႔ ခ်ီးက်ဴးရေလာက္ေအာင္ပါပဲေလ ။

Be the first to comment

Leave a Reply

Your email address will not be published.


*