ရိုးသားမှုနှင့်ဂုဏ်သိက္ခာရှိမှုအတွက် တန်ပြန် ဆုကိုလက်ခံရရှိသွားခဲ့တဲ့ အသက် ၇ နှစ်အရွယ် ကလေးမလေးတစ်ဦး

ရိုးသားမှုနှင့်ဂုဏ်သိက္ခာရှိမှုအတွက် တန်ပြန် ဆုကိုလက်ခံရရှိသွားခဲ့တဲ့ အသက် ၇ နှစ်အရွယ် ကလေးမလေးတစ်ဦး

အသက် ၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကလေးမလေးတစ်ဦးဟာ မလေးရှားနိုင်ငံ Sunway Pyramid ကုန်တိုက်ရှိ ကြမ်းပြင်ပေါ်မှာ ကျနေတဲ့ ငွေစက္ကူ RM1 ကိုတွေ့ရှိပြီးနောက် ကုန်တိုက်များရှိ Concierge ကောင်တာသို့ ရောက်လာပြီး ထိုပိုက်ဆံကို ၎င်းရဲ့ပိုင်ရှင်ထံအပ်နှံပေးရန် ဝန်ထမ်းများအားအကူအညီတောင်းခဲ့ပါတယ်။

ကုန်တိုက်ကြီးရှိ ဝန်ထမ်းများက သူမရဲ့ကောင်းမွန်တဲ့လုပ်ရပ်ကြောင့် အလွန်စိတ်လှုပ်ရှားသွားခဲ့တာကြောင့် ၎င်းနှလုံးသားနွေးထွေးဖွယ်အဖြစ်အပျက်ကို လူတိုင်းအားဝေမျှရန် သူတို့ရဲ့Facebook စာမျက်နှာပေါ်မှာ “ ညနေ ၁:၃၀ မှာ ၇ နှစ်အရွယ်မိန်းကလေးတစ်ယောက်က ကုန်တိုက်ထဲကကြမ်းပြင်မှာ တွေ့ခဲ့တဲ့ RM1 ကို ပိုင်ရှင်ထံပြန်လွှဲပြောင်းပေးဖို့ ကျွန်တော်တို့ရဲ့ Concierge ကောင်တာသို့ ရောက်လာပြီး သူမအနေဖြင့် RM1 ကိုပိုင်ရှင်ထံ အခိုင်အမာပြန်လည်အပ်နှံပေးရန် တောင်းဆိုခဲ့ပါတယ် ။

သူမရဲ့ ရိုးသားမှုနှင့်သမာဓိရှိမှု ကြောင့် ကျွန်တော် Lion နှင့်အတူ အခြားဝန်ထမ်းတို့ရဲ့နှလုံးသားကို ထိမိသွားစေခဲ့ပါတယ် “ လို့ ရေးတင်ခဲ့ပါတယ်။Lion ရဲ့သူငယ်ချင်းများက မှန်ကန်တဲ့အရာကိုလုပ်ဖို့ဆုံးဖြတ်လိုက်တဲ့ ကလေးမလေးရဲ့ရိုးသားမှုကို ကျေးဇူးတင်ကြောင်းပြသရန် သူမနှင့် သူမရဲ့ညီငယ်လေးတွေအတွက် လေ့ကျင့်စာအုပ်များနှင့် အရောင်စုံလင်တဲ့ဆေးရောင်ခြယ်စာအုပ်များကို ပြန်လည် ဆုချပေးခဲ့ကြပါတယ်။၎င်းဝန်ထမ်းများက “ဒီလိုငယ်ရွယ်တဲ့အရွယ်မှာ မင်းရဲ့ကြင်နာမှုအတွက် အထူးကျေးဇူးတင်ပါတယ်! ” လို့ သူတို့ရဲ့ post အောက်မှာ ထပ်မံထည့်သွင်းရေးသားခဲ့ပါတယ်။

Netizen များစွာကလည်း အဆိုပါကလေးမလေးအား ချီးကျူးဂုဏ်ပြုခဲ့သလို အချို့က ကလေးမလေးရဲ့မိဘများအား သူမအား မှန်ကန်တဲ့လမ်းကို ပြုစုပျိုးထောင်ပေးခြင်းနှင့်ပညာပေးခြင်းအတွက်ပင် အသိအမှတ်ပြုခဲ့ကြပြီး သူတို့လည်းအမှန်ပင် ဂုဏ်ယူသင့်တယ်လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။၎င်း post ဟာ 2,100 likes နှင့် 85 shares အထိ ရရှိခဲ့ပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*