
ရိုးတွင်းခြင်ဆီအစားထိုးကုသရန်လိုအပ်နေသော ညီငယ်၏အသက်ကို ကယ်တင်နိုင်ရန်အတွက် ကျောင်းမသွားခင်လေးတွင် ကြက်သွန်မိတ်လေးတွေရောင်းချပြီး ဝင်ငွေရှာနေသည့်ကောင်လေး
ညီအကိုမောင်နှမတို့သည် အမြဲတမ်းရန်ဖြစ်စကားများနေကြသော်လည်း ရင်ထဲတွင် တစ်ဦးနှင့်တစ်ဦးဟာ ရင်ဘတ်ချင်းနီးစပ်နေသည့် ဆွေမျိုးသားချင်းများဖြစ်ပါတယ်။ယခုတွင်လည်း အသက်၁၀နှစ်အရွယ် အကိုဖြစ်သူဟာ အသက်၇နဗစ်အရွယ်ညီငယ်လေးပေါ်တွင်ထားရှိသော မေတ္တာစေတနာများဟာ အတော်လေး လေးစားဖွယ်ကောင်းပါတယ်။
ညီဖြစ်သူဟာ ရှားပါးလှသော ရောဂါတစ်မျိုးကြောင့် ရိုးတွင်းခြင်ဆီအစားထိုးကုသရန်လိုအပ်နေပြီး ငွေကြေးများစွာလည်း လိုအပ်နေတာဖြစ်ပါတယ်။ထို့ကြောင့် အကိုဖြစ်သူဟာ ညီလေးအတွက် ဆေးရုံစရိတ်ကို မိသားစုကိုကူညီပြီး တစ်ဖက်တစ်လမ်းမှ ရှာဖွေပေးနိုင်ရန်အတွက် ကျောင်းမသွားခင်လေးတွင်း မနက်စောစောထပြီး ခြဲထဲက ကြက်သွန်ပင်လေးတွေကို ခူးယူကာ လိုက်လံရောင်းချနေခဲ့တာဖြစ်ပါတယ်။
Zawgyi
Leave a Reply